ရွှေ​ရောင်ဆောင်းဦးကာလ ရေပြင်​ပုလဲလိုလှတဲ့ဖူရှင်​ဟူကန်​ ( Fu Xian Hu ) နားတွင်​တတိယအကြိမ်​​မြောက်​ I have a date with Yunnan ၂၀၁၈ ခုနှစ်​ ​ကောင်​စစ်​ဝန်​ချုပ်​များ၏ ယွင့်​စီ ( Yu Xi ) ​တေးဂီတအကပွဲ​တော်​ခန်းနား​ပျော်​ရွှင်​စွာ ကျင်းပ​နေပါသည်​။

၂၀၁၅ ခုနှစ်​မှစ၍ နှစ်​စဉ်​တစ်​ကြိမ်​စီကျင်းပ​သော တရုတ်​နိုင်​ငံ ယူနန်​ပြည်​နယ်​နှင့်​ စီချွမ်​ပြည်​နယ်​အ​ခြေစိုက် ​​ကောင်​စစ်​ဝန်​ချုပ်​များပွဲ​တော်​ကို ယခုနှစ်​တွင်​ပထမဦးဆုံးယွင့်​စီမြို့ တွင်​ကျင်းပပြီး ယူနန်​ပြည်​နယ်​ ပြန်​ကြား​ရေးဌာန ၊ ယူနန်​ပြည်​နယ်​ အစိုးရနိုင်​ငံခြား​ရေးဌာန ၊ ယူနန်​ TV ( YMG ) နှင့်​ ယွင့်​စီ (Yu Xi ) မြို့ ပြည်​သူ့အစိုးရတို့က ကြီးမူးကျင်းပပြီး ၊ ယူနန်​ပြည်​နယ်​တွင်း အ​ရေးကြီး​သောနိုင်​ငံခြား​ရေးရာပွဲကီးဖြစ်​သည်​။

၂၀၁၈ Gala for Consul-Generals in Yuxi ပွဲ​တော်​တွင်​ ယွင့်​စီမြို့မြို့​တော်​​ကောင်​စီပါတီအတွင်း​ရေးမူး မစ္စတာ ​လော်​ရင့်​ကွမ်​က အမှာစကား​ပြောပြီး ပြည်​​ထောင်​စုသမ္မတမြန်​မာနိုင်​ငံအ​ခြေစိုက်​ ​ကောင်​စစ်​ဝန်​ချုပ်​ရုံး ​ကောင်​စစ်​ဝန်​ချုပ်​ ဦးစိုးပိုင်​နှင့်​ လာအို ၊ ထိုင်း ၊ ​မ​လေးရှား ၊ က​မ္ဘောဒီးယား စတဲ့ကူမင်းမြို့အ​ခြေစိုက်​​ ​ကောင်​စစ်​ဝန်​ချုပ်​ ၊ ​ကောင်​စစ်​ဝန်​များ   နှင့်​ စီချွမ်​ပြည်​နယ်​အ​ခြေစိုက်​ သြစ​တြေးလျှား ​ကောင်​စစ်​​ဝန်​တို့က တက်​​ရောက်​ကြသည်​။

ပွဲ​တော်​တွင်​ ​ကောင်​စစ်​ဝန်​ချုပ်​များနှင့်​ ​ကောင်​စစ်​ဝန်​များတို့က သူတို့နှင့်​ယူနန်​ယွင့်​ စီမြို့၏ စိတ်​ဝင်​စားဖွယ်​​ကောင်း​သောအ​ကြောင်းများကိုလည်း short video နှင့်​ ခန်းနားစင်​​ပေါ်တွင်​တိုက်​ရိုက်​မျှ​ဝေ​ပေးကြသည်​။

မြန်​မာ​ကောင်​စစ်​ဝန်​ချုပ် ​ဦးစိုးပိုင်​က ပထမဦးဆုံး “သူနှင့်​ယွင့်​စီ​တေးဂီတ” အ​ကြောင်း ကိုမျှ​ဝေ​​ပေးသွားခဲ့သည်​။

၂၀၀၈ ခုနှစ်​ ​ပေကျုးအိုလပစ်​ဖွင့်​ပွဲနှင့်​ ပိတ်​ပွဲတွင်​ပါဝင်​​သော ” ​ဆွေပျိုး​ဟောင်း ” ​တေးသွားကိုနား​ထောင်​ပြီးသည်​နှင့်​ အဓိပ္ပယ်​မသိ​ပေမဲ့ သံစဉ်​ကိုအလွန်​ကြိုက်​နှစ်​သက်​သွား​သော​ကြောင်း တရုတ်​နိုင်​ငံတွင်​တာဝန်​ကျ​ရောက်​လာသည်​နှင့်​ ၎င်းသီချင်း​တေးသွားအ​ကြောင်းကိုလည်း ပိုမိုသိခြင်​လာသည်​။ တရုတ်​သူငယ်​ချင်းက​ ​တေးသွား၏​​တေး​ဖော်​​ရေးစပ်​သူဟာ ယူနန်​ပြည်​နယ်​ကူမင်းမြို့နှင့်​ နီးကပ်​စွာတည်​ရှိ​နေ​သော ယွင့်​စီဇာတိ တရုတ်​နိုင်​ငံနာမည်​​ကျော်​​တေးသွားပညာရှင်​ ၊ ညဲ့အယ်​လာ​ရေးစပ်​ခဲ့​သောသီချင်းဖြစ်​သည်​ဟူ့ ​ကောင်​စစ်​ဝန်​ချုပ်​ကို မိတ်​ဆက်​​ပေးသည်​။

ကောင်​စစ်​ဝန်​ချုပ်​က ညဲ့အယ်​၏ ဇာတိ​မြေ ယွင့်​စီမြို့ကိုသွားပြီး ​ဒေသခံ​တေးဂီတ​ ​တေးသွားပညာရှင်​များနှင့်​အတူ ​တေးတူရိယာများတီးခတ်​ ဖလှယ်​ခဲ့ဖူးသည်​။ ​တေးသံစဉ်​သည်​ ကမ္ဘာလူသားများ၏ တူညီ​သောဘာသာစကားတစ်​ရပ်​ဟု တင်​စားရင်​လည်းမှားမည်​မဟုတ်​ပါ။

စိတ်​ဝင်​စားဖွယ်​​ကောင်း​သော ” မိတ်​​ဆွေ​ဟောင်း ” ​တေးသွားတစ်​ဗုဒ်​​ကြောင့်​ တရုတ်​နိုင်​ငံယူနန်​ပြည်​နယ်​ယွင့်​စီမြို့နှင့်​ မြန်​မာ​ကောင်​စစ်​ဝန်​ချုပ်​ ဦးစိုးပိုင်​၏အ​ကြောင်းက​တော့ တရုတ်​-မြန်​မာ ချစ်​ကြည်​​ရေးလမ်းမှာအမတ်​တရဖြစ်​သွားခဲ့ပါပြီ။ ​ကောင်​စစ်​ဝန်​ချုပ်​များ ​ပွဲ​တော်​က​တော့ ​ကောင်​စစ်​ဝန်​များနှင့်​ တရုတ်​နိုင်​ငံယူနန်​ပြည်​နယ်​အ​ကြောင်းနှင့်​ ယူနန်​ရိုးရာအက​တေးသွားတဲတွင်​ ​နွေး​ထွေး​ပျော်​ရွှင်​စွာကျင်းပ​နေပါသည်​။

ပွဲ​တော်​အလှနှင့်​အတူ တရုတ်​နိုင်​ငံယူနန်​ပြည်​နယ်​ကူမင်းမြို့နှင့်​ စီချွမ်​ပြည်​နယ်​အ​ခြေစိုက်​​ကောင်​စစ်​ဝန်​ချုပ်​နှင့်​ ​ကောငိစစ်​ဝန်​များက ဒီည၏ ​တေးသံစဉ်​ကိုခံစားရင်း တရုတ်​နိုင်​ငံနှင့်​ မိမိနိုင်​ငံတို့၏ချစ်​ကြည်​​ရေးနှင့်​ စီးပွားဘက်​စုံဖွံဖြိုးတိုး​တက်​ဖို့ အတက်​​တေးသွားသံစဉ်​ကို ဆက်​လက်​​ဆောင်​ရွက်​​နေပါသည်​။ ဒီပွဲကို ယွင့်​စီမြို့ခရီးသွားဖွံဖြိုးတိုးတက်​​ရေး​ကောင်​စီယွင့်​စီမြို့ ခရီးသွားယဉ်​​ကျေးမူနှင့်​ အားကစားရင်းနှီးမြုပ်​နှံမူ ကုမ္ပဏီနှင့်​ YMG ယူနန်​ TV နိုင်​ငံတကာချာနယ်​တို့က ​တောက်​ပံ့​ဆောင်​ရွက်​ခဲ့သည်​။