ယူနန်၊ ဟုန်ဟယ် ရွှီးဖင်ခရိုင်လမ်းမတွေပေါ်မှာ မကြာသေးခင်ကမှ မောင်းသူမဲ့ အမြန်ချောပို့ကားတွေ ပေါ်လာ
ယူနန်၊ ဟုန်ဟယ် ရွှီးဖင်ခရိုင်လမ်းမတွေပေါ်မှာ မကြာသေးခင်ကမှ မောင်းသူမဲ့ အမြန်ချောပို့ကားတွေ ပေါ်လာပါပြီ။ ဒီမောင်းသူမဲ့ အမြန်ချောပို့ကားတွေဟာ သတ်မှတ်ချိန်မှာ ကုန်ပစ္စည်းတွေကို အချိန်မှန် ပို့ဆောင်ပေးနိုင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေချိန်မှာ အခြားယာဉ်တွေကို ဘေးကင်းတဲ့အကွာအဝေးမှာ နေဖို့ သတိပေးတတ်ပါတယ်။ လမ်းသွားလမ်းလာတွေနဲ့ တွေ့တဲ့အခါ ရှောင်ရှားတတ်ပြီး လမ်းသွားလမ်းလာတွေကို ဘေးကင်းရေး သတိထားဖို့ အသံနဲ့ပါ သတိပေးနိုင်ပါသေးတယ်။ ဒီမောင်းသူမဲ့ယာဉ်တွေဟာ တစ်နေ့ကို ပါဆယ် ၄၀၀ ပို့ဆောင်နိုင်ပြီး ကီလိုမီတာ ၆၀ အထိ မမောမပန်း ပြေးနိုင်ပါတယ်။