ကျင်းဖင် ကောင်တီရှိ မာအန်းသီ မြို့နယ်သည် ကောင်းကင်ယံတွင် လိပ်ပြာများ ကခုန်လျက် အိပ်မက်နယ်မြေအဖြစ်သို့ ပြောင်းလဲသွား
发布日期: 2025年05月27日
source:Mingala mews
လိပ်ပြာများရဲ့ ရာသီရောက်ရှိလာပါပြီ။ ယူနန်ပြည်နယ်၊ ကျင်းဖင် ကောင်တီရှိ မာအန်းသီ မြို့နယ်သည် ကောင်းကင်ယံတွင် လိပ်ပြာများ ကခုန်လျက် အိပ်မက်နယ်မြေအဖြစ်သို့
ပြောင်းလဲသွားပါသည်။
ကျင်းဖင် ကောင်တီရှိ China Red River Butterfly Valley သည် ကမ္ဘာပေါ်တွင် လိပ်ပြာမျိုးစိတ်ပေါင်း ၃၂၀ ကျော်ရှိပြီး ကမ္ဘာပေါ်တွင် အပေါများဆုံးလိပ်ပြာများနှင့် လိပ်ပြာအရင်းအမြစ်များရှိသည့် ဒေသများထဲမှတစ်ခုဖြစ်ပါသည်။ ဤနေရာတွင် သစ်တောလွှမ်းခြုံမှုနှုန်းသည် လည်း ၇၀% ရှိပါသည်။ သန့်ရှင်းသော သဘာဝဂေဟပတ်ဝန်းကျင်နှင့် အပင်မျိုးကွဲများသည် လိပ်ပြာမျိုးပွားမှုအတွက် ကောင်းမွန်သောအခြေအနေများကို ပေးဆောင်လျက်ရှိပါသည်။