တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး စတင်
发布日期: 2026年03月06日 source:Xinhua


၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ စတုတ္ထအကြိမ်အစည်းအဝေးကို တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် မတ် ၄ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သော တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ မတ် ၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အခြား နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော လီချန်၊ ကျောက်လဲ့ကျိ၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးနှင့် ဟန်ကျိန့်တို့က ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် CPPCC ပြည်လုံးဆိုင်ရာကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေး အဖွင့်အစည်းအဝေးကို တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးဆိုင်ရာ အစီအစဉ်ကို ထိုအဖွင့်အစည်းအဝေး၌ သုံးသပ်ဆွေးနွေး၍ အတည်ပြုခဲ့ကြသည်။
အစည်းအဝေးအတွင်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ် ၂,၀၀၀ ကျော်က တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များနှင့် အစီအစဉ်များကို ဗဟိုပြုလျက် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း မူကြမ်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးကို အလေးထားကာ ဆွေးနွေးညှိနှိုင်းခြင်းများ၊ သုံးသပ်ဆွေးနွေးခြင်းများ နက်နက်ရှိုင်းရှိုင်းပြုလုပ်ကြမည်ဖြစ်ပြီး ၎င်းတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များကို ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။
ထို့ပြင် အစည်းအဝေးတွင် CPPCC ပြည်လုံးဆိုင်ရာကော်မတီ၏ အမြဲတမ်းကော်မတီကိုယ်စား လုပ်ငန်းအစီရင်ခံစာကို CPPCC ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က ဖတ်ကြားခဲ့သည်။
ယခင်နှစ်အတွင်း အတိုင်ပင်ခံအဖွဲ့၏ လုပ်ငန်းဆောင်တာကို ဝမ်က ပြန်လည်သုံးသပ်တင်ပြခဲ့သည်။ CPPCC ပြည်လုံးဆိုင်ရာကော်မတီနှင့် အမြဲတမ်းကော်မတီက CPC ၏ ဦးဆောင်မှု၊ ညီညွတ်စွာ ရပ်တည်မှုနှင့် ဆွေးနွေးညှိနှိုင်းမှုရှိသောဒီမိုကရေစီကို တစ်လုံးတစ်ဝတည်းပေါင်းစည်းမှုအဖြစ် မှတ်ယူကာ ပါတီနှင့် တိုင်းပြည်၏ ဗဟိုလုပ်ငန်းတာဝန်များနှင့်အတူ ၎င်းတို့၏ လုပ်ငန်းကို ကိုက်ညီအောင်ချိန်ညှိကာ အထူးဆွေးနွေးညှိနှိုင်းမှုအဖွဲ့အဖြစ် ၎င်းတို့၏ အခန်းကဏ္ဍကို အပြည့်အဝအကျိုးရှိစွာ ဖော်ဆောင်လျက်ရှိသည်။
၂၀၂၆ ခုနှစ်ကို မျှော်ကြည့်ပါက နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များသည် ပြည်သူများ၏ အားပေးထောက်ခံမှုကို စုစည်းကာ ပိုမိုကြီးမားသော ဘုံသဘောတူညီချက်ကို တည်ဆောက်လျက် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်မှု ကောင်းစွာအစပြုနိုင်ရေးအတွက် အသိဉာဏ်ပညာနှင့် စွမ်းပကားကို ပေါင်းစည်းကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုကို မဆုတ်မနစ် ထိန်းသိမ်းရန်လိုအပ်ကြောင်း ဝမ်က အလေးထားပြောကြားခဲ့ပြီး နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များအနေဖြင့် ပါတီနှင့် တိုင်းပြည်၏ အဓိကတာဝန်များကို ထမ်းဆောင်ရာတွင် အရည်အသွေးမြင့်မားစွာ စွမ်းဆောင်ကြရန်လည်း ပြောကြားခဲ့သည်။
CPC ၏ ခေါင်းဆောင်မှုအရ CPPCC အနေဖြင့် ပါတီစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်လျက်ရှိသည်။ CPPCC ၏ ကိုယ်စားလှယ်များကိုလည်း နိုင်ငံရေးပါတီများ၊ ပြည်သူ့အဖွဲ့အစည်းများ၊ ပါတီနှင့်မသက်ဆိုင်သူများ၊ လူမှုကဏ္ဍအသီးသီးမှ လူပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် မတ်လက CPPCC ပြည်လုံးဆိုင်ရာကော်မတီ နောက်ဆုံးကျင်းပခဲ့သော အစည်းအဝေး၌ နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များက တင်သွင်းခဲ့သည့် အဆိုပြုချက်များကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ အစီရင်ခံစာကိုလည်း ထိုအစည်းအဝေး၌ တင်ပြခဲ့သည်။
CPPCC ပြည်လုံးဆိုင်ရာကော်မတီသည် ယခင်နှစ်အတွင်း ကိုယ်စားလှယ်များထံမှ အဆိုပြုချက် ၅,၉၉၂ ခုကို လက်ခံရရှိခဲ့ကာ ယင်းအနက် ၅,၀၆၁ ခုကို လုပ်ငန်းဆောင်ရွက်ရန် လက်ခံခဲ့ပြီးဖြစ်သည်။ ထိုသို့လက်ခံပြီးသည့် အဆိုပြုလွှာများအား တုံ့ပြန်ဆောင်ရွက်မှုနှုန်းအနေဖြင့် ၉၉.၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ စတုတ္ထအကြိမ်အစည်းအဝေး အဖွင့်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ စတုတ္ထအကြိမ်အစည်းအဝေး အဖွင့်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ စတုတ္ထအကြိမ်အစည်းအဝေး အဖွင့်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)