ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကာကွယ်ရေးနှင့် တပ်မတော် ခေတ်မီအသွင်ပြောင်း တည်ဆောက်ရေးသည် ယမန်နှစ်တွင် အောင်မြင်မှုအသစ်များ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မတ် ၅ ရက်တွင် အစိုးရလုပ်ငန်းအစီရင်ခံတင်သွင်းရာ၌ ပြောကြားခဲ့သည်။
နှစ်သစ်တွင် မိမိတို့သည် ရှီကျင့်ဖိန်၏ တပ်မတော်အင်အားတောင့်တင်းရေးအတွေးအခေါ်ကို နက်ရှိုင်းစွာ ဖော်ဆောင်ကာ ခေတ်သစ်စစ်ရေးမဟာဗျူဟာ လမ်းညွှန်မှုမူဝါဒများကို ဖော်ဆောင်ရန်၊ ပြည်သူ့တပ်မတော်အပေါ် ပါတီ၏ အလုံးစုံ ဦးဆောင်မှုကို ခိုင်မာစွာ ကိုင်စွဲရန်၊ စစ်ကော်မရှင်ဥက္ကဋ္ဌ၏ တာဝန်ယူမှုစနစ်ကို ဘက်စုံ နက်ရှိုင်းစွာ ဖော်ဆောင်ရန်၊ နိုင်ငံရေးဖြင့် တပ်မတော်တည်ဆောက်ရေးကို လမ်းညွှန်ချက်အဖြစ် ထားရှိရန်၊ နိုင်ငံရေးစီမံပြုပြင်ပညာပေးလေ့ကျင့်ခြင်းအား စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်သွားရန်၊ တပ်မတော်တည်ဆောက်ရေး ရာစုနှစ်ရည်မှန်းချက် တက်လှမ်းရေး တိုက်ပွဲကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဖော်ဆောင်သွားရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တိုက်ပွဲအသင့်ပြင် စစ်ရေးလေ့ကျင့်မှုများကို ခိုင်ခိုင်မာမာ တွန်းအားပေးရန်၊ ခေတ်ရှေ့ပြေး တိုက်ပွဲဝင်စွမ်းရည် တည်ဆောက်မှုကို အရှိန်မြှင့်တင်ရန်၊ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော မဟာဗျူဟာစွမ်းရည်ကို မြှင့်တင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်တည်ဆောက်ရေး “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ် ရေးဆွဲမှုကို အမိအရ ဆုပ်ကိုင်ကာ အမျိုးသားကာကွယ်ရေးကဏ္ဍ တိုးတက်ရေး အရေးကြီးစီမံကိန်းများအား ဖော်ဆောင်ရန်၊ စစ်ရေးသီအိုရီ ခေတ်မီအသွင်ပြောင်းရေး တွန်းအားပေးမှုဆိုင်ရာ စီမံကိန်းများကို ဖော်ဆောင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စစ်ဘက်-အရပ်ဘက် ကဏ္ဍဖြတ်ကျော် ပြုပြင်ပြောင်းလဲရေးကို ဟန်ချက်ညီညီ ရှေ့ဆက်တွန်းအားပေးဆောင်ရွက်ရန်၊ ကာကွယ်ရေးသိပ္ပံနည်းပညာ စက်မှုလုပ်ငန်းစနစ်နှင့် အခင်းအကျင်းကို ကောင်းမွန်အောင် ဆောင်ရွက်ရန် တစ်သားတည်းအသွင် အမျိုးသားမဟာဗျူဟာစနစ်နှင့် စွမ်းရည် မြှင့်တင်မှုကို ခိုင်မာစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးအင်အား စည်းရုံးစုစည်းမှုစွမ်းရည် တည်ဆောက်မှုအရှိန်ကို မြှင့်တင်ရမည်ဖြစ်သလို ပြည်သူတစ်ရပ်လုံး ကာကွယ်ရေးပညာပေးကဏ္ဍကို နက်ရှိုင်းစွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အစိုးရအဆင့်အသီးသီးက ကာကွယ်ရေးနှင့် တပ်မတော်တည်ဆောက်ရေးကို အစွမ်းကုန် ထောက်ခံအားပေးရမည်ဖြစ်ပြီး “နှစ်ဘက်အပြန်အလှန် ဝန်းရံအားပေးမှု” လုပ်ငန်းများကို နက်ရှိုင်းစွာ လုပ်ဆောင်ရမည် ဖြစ်ရာ တပ်မတော်နှင့် အစိုးရ၊ တပ်မတော်နှင့် ပြည်သူ စည်းလုံးညီညွတ်မှုကို မြဲမြံစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)






