နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းကြီးတွင် ဟောင်ကောင်နှင့် မကာအိုက ပို၍ ကောင်းမွန်စွာ ပေါင်းစည်းပါဝင်ရေးနှင့် အကျိုးထမ်းပိုးရေးကို ထောက်ခံအားပေးမည် ဖြစ်ကြောင်း၊ ဟောင်ကောင်နှင့် မကာအိုတို့၏ အမိနိုင်ငံကို ကျောထောက်နောက်ခံပြု၍ ကမ္ဘာနှင့်ချိတ်ဆက်သည့် တစ်မူထူးခြားသော အားသာချက်နှင့် အရေးကြီးအခန်းကဏ္ဍကို အသုံးပြုကာ ဟောင်ကောင်၊ မကာအိုတို့၏ ရေရှည် စည်ပင်ဝပြောစွာဖြင့် တည်ငြိမ်ခြင်းကို မြှင့်တင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိမိတို့သည် ခေတ်သစ်ကာလ ထိုင်ဝမ်အရေး ဖြေရှင်းမှုဆိုင်ရာ ပါတီ၏ အလုံးစုံနည်းဗျူဟာကို နက်ရှိုင်းစွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို အခိုင်အမာလက်ကိုင်ထားရန်၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများကို ပြတ်ပြတ်သားသား တိုက်ဖျက်ရန်၊ ပြည်ပအင်အားစုများ၏ ကြားဝင်စွက်ဖက်မှုကို ဆန့်ကျင်ရန်၊ ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေရေးကို တွန်းအားပေးကာ အမိနိုင်ငံပေါင်းစည်းရေးလုပ်ငန်းကြီးကို ရှေ့သို့တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရေလက်ကြားနှစ်ဖက်ဒေသ ပူးပေါင်းဖလှယ်ရေးနှင့် ပေါင်းစည်းတိုးတက်ရေးကို နက်ရှိုင်းစေရန်၊ တရုတ်ယဉ်ကျေးမှုကို အတူတကွ လက်ဆင့်ကမ်းမြှင့်တင်ရန်၊ ထိုင်ဝမ်သွေးချင်းများ တန်းတူညီမျှ ခံစားခွင့်ရှိသော မူဝါဒများကို ဖော်ဆောင်ရန်၊ ရေလက်ကြားနှစ်ဖက်ဒေသ သွေးချင်းများ၏ အကျိုးစီးပွားကို မြှင့်တင်ရန်၊ အမျိုးသားမဟာပြန်လည်အားသစ်လောင်းရေးကဏ္ဍကို အတူတကွ ဖွင့်လှစ်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက အဆိုပြု တင်သွင်းခဲ့သည်။ (Xinhua)




