ပေါင်ရှန်း (Baoshan) ရှိ ပန်ချောင် (Banqiao) ရှေးဟောင်းမြို့နယ်ဟာ ရှေးဟောင်း "ပိုးလမ်းမကြီး" ရဲ့ အရေးပါတဲ့ ရပ်နားစခန်းတစ်ခု ဖြစ်ခဲ့ပါတယ်
发布日期: 2025年12月26日 source:Mingala News


ပေါင်ရှန်း (Baoshan) ရှိ ပန်ချောင် (Banqiao) ရှေးဟောင်းမြို့နယ်ဟာ ရှေးဟောင်း "ပိုးလမ်းမကြီး" ရဲ့ အရေးပါတဲ့ ရပ်နားစခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ချင်းလုံလမ်း (Qinglong Street) က နှစ်တစ်ရာသက်တမ်းရှိ လက်ဖက်ရည်ဆိုင်မှာ ဘယ်လောက်ပဲထိုင်ထိုင်၊ ဘယ်နှစ်ခွက်ပဲသောက်သောက် တစ်ဦးကို ၃ ယွမ်ပဲ ကျသင့်ပြီး လက်ဖက်ရည်နံ့က သင်းပျံ့ရိုးရှင်းလှပါတယ်။ မြန်မာဘလော့ဂါတွေဖြစ်တဲ့ Htet Ei's Journey နဲ့ Ser Mal - စားမယ္ တို့ဟာ မျိုးဆက် ၄ ဆက်တိုင်တိုင် လက်ဖက်ရည်ဆိုင်ဖွင့်လာတဲ့ အသက် ၇၀ အရွယ် ဆိုင်ရှင်ကြီးရဲ့ မိသားစုပုံပြင်တွေကို နားထောင်ခဲ့ကြပါတယ်။