ယူနန် ယွမ်လုံ ထျန်းချီ ထိန်းသိမ်းရေးနယ်မြေရှိ ယူနန်ရွှေရောင်မျောက်ပါးနီ မျောက်အုပ်စုရဲ့ အရေအတွက်ဟာ (၃၅၀) ကောင်အထိ ရောက်ရှိလာပါပြီ။ ၁၉၈၈ ခုနှစ်မှာ ပထမဆုံး စတင်တွေ့ရှိချိန်ကထက် အကောင် (၃၀၀) တိုးလာတာပဲ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတွေဟာ နေ့စဉ်မနက်အစောပိုင်း တောင်ပေါ်တက်ပြီး မျောက်အုပ်စုရဲ့ လှုပ်ရှားမှုလမ်းကြောင်းကို မှတ်တမ်းတင်ဖို့ မျောက်တွေကို နောက်ယောင်ခံလိုက်ကြပြီး မျောက်တွေ ညအိပ်တဲ့အခါမှသာ ပြန်ဆင်းလာကြပါတယ်။ ယခုအခါမှာတော့ ပန်းရောင်နှုတ်ခမ်းတွေ၊ အနက်ရောင်နဲ့ အဖြူရောင်အမွေးတွေရှိတဲ့ ဒီ "နှင်းတောင်နတ်သမီးလေးများ" ဟာ သစ်တောထဲမှာ အစုအဝေးနဲ့ ခုန်ပေါက်နေကြပြီး လူသားနဲ့ သဘာဝ လိုက်ဖက်ညီစွာ အတူယှဉ်တွဲနေထိုင်မှုရဲ့ အသက်ဝင်တဲ့ ပုံရိပ်တစ်ခု ဖြစ်နေပါတော့တယ်။



commendatory