တရုတ်တိုင်းရင်းဆေးပစ္စည်းတွေကို ကော်ဖီနဲ့ ပေါင်မုန့်ထဲ ထည့်လိုက်တဲ့အခါ ယူနန်ပြည်နယ်ရဲ့ အစားအသောက်တွေဟာ ပုံစံသစ်တွေနဲ့ ထွက်လာပြန်ပါတယ်။ တရုတ်တိုင်းရင်းဆေးပညာမှာ အစားအသောက်နဲ့ ဆေးဖက်ဝင်မှုဟာ တစ်ခုတည်းက လာတယ်လို့ အမြဲတမ်း ပြောလေ့ရှိပါတယ်။ ဆိုလိုတာက နေ့စဉ် စားသောက်ကုန်များစွာဟာ အစားအစာအဖြစ် စားသုံးနိုင်သလို တစ်ချို့ ဆေးဖက်ဝင်တဲ့ အာနိသင်တွေလည်း ရှိပါတယ်။ ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေးရုံရဲ့ ကျန်းမာရေး အစားအသောက်နေရာက သစ်ကြံပိုး နို့ကော်ဖီ ၊ Sanqi Americano ကော်ဖီ စတဲ့ သဘာဝ ဆေးဖက်ဝင် ကော်ဖီတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဝါးပင်အဖျော်ရည် နဲ့ ဆေးဖက်ဝင် ဥရောပစတိုင် ပေါင်မုန့် တွေနဲ့ တွဲဖက်ပြီး တရုတ်ဆေးပညာ ပစ္စည်းတွေကို နေ့စဉ် အစားအသောက်နဲ့ ပေါင်းစပ်ထားရာ ထူးခြားပြီး ဆန်းသစ်ပါတယ်။




commendatory