တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၃၀ ရက်နေ့တွင် တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးနိုင်ငံအလွတ်သဘော အစည်းအဝေး အောင်မြင်စွာကျင်းပခဲ့
发布日期: 2025年08月07日 source:Mingala news


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၃၀ ရက်နေ့တွင် တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးနိုင်ငံအလွတ်သဘော အစည်းအဝေး အောင်မြင်စွာကျင်းပခဲ့ပြီးနောက်ပိုင်း ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တွင် ထပ်မံ၍ လက်နက်ကိုင်တိုက်ပွဲများ မဖြစ်ပွားတော့ကြောင်း၊ နယ်မြေအခြေအနေ ဆက်လက် တည်ငြိမ်အေးချမ်းလာကြောင်းနှင့် ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အဆင့်ဆင့် အကောင်အထည်ဖော်နေကြောင်း ပြောကြားခဲ့သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ တက်ကြွသော ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် နယ်နိမိတ်ဆိုင်ရာ ဘုံကော်မရှင်အစည်းအဝေးကို ကျင်းပခဲ့ပြီး အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးယန္တရားအတွက် အသေးစိတ်အစီအစဉ်ကို နည်းလမ်းမျိုးစုံ၊ အဆင့်မျိုးစုံဖြင့် ဆွေးနွေးခဲ့ကြသည်။ ဤသည်မှာ ထိရောက်ပြီး ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးကို အောင်မြင်စေရန်အတွက် အထောက်အကူဖြစ်စေပြီး တရုတ်နိုင်ငံက ချီးကျူးဂုဏ်ယူကာ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ ဆန္ဒအရ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှားကဲ့သို့သော ဒေသတွင်းနိုင်ငံများနှင့် နီးကပ်စွာ ဆက်သွယ်ပြောဆိုလျက်ရှိပြီး အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ကာ ဆက်သွယ်ဆွေးနွေးမှုများကို မြှင့်တင်ပေးပြီး တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးလျက်ရှိသည်။ တရုတ်နိုင်ငံသည် အာဆီယံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး တရားမျှတသော ရပ်တည်ချက်ကို ထိန်းသိမ်းကာ မိမိ၏နည်းလမ်းဖြင့် ကမ္ဘောဒီးယား-ထိုင်း ဆက်ဆံရေး တိုးတက်စေရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်သည်။