လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံကိန်း သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ကျင်းပခဲ့
发布日期: 2025年08月07日 source:Mingala news


ဩဂုတ်လ ၅ ရက်နေ့တွင် ၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံကိန်း သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ကျင်းပခဲ့သည်။ လက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်း ၁၄ ခုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နည်းပညာ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဘေးအန္တရာယ်ကာကွယ်ရေး အစရှိသည့် နယ်ပယ်များစွာတွင် ဖြန့်ကျက်ထားပါသည်။ ၂၀၁၈ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံတွင် စီမံကိန်း ၁၃၂ ခုသည် ၈ ကြိမ် ရန်ပုံငွေပံ့ပိုးမှု ရရှိခဲ့ပါသည်။