မိုဟန် တရုတ်နိုင်ငံမှ ထွက်ခွာပြီး ရထားစီးကာ ဥမင်လိုဏ်ခေါင်းကိုဖြတ်ကာ လာအိုရှိ တရုတ်-လာအို မီးရထား၏ ပထမဆုံးမှတ်တိုင်ဖြစ်သော မုန်တင့် ကို ၁၀ မိနစ်အတွင်း ရောက်ရှိမည်ဖြစ်ပါသည်။ တိုင်ဘာသာစကားတွင် "မိုဟန်" ဆိုသည်မှာ "ဆားပေါများသောတွင်း" နှင့် "မုန်တင့်" သည် "တည်ငြိမ်သောဆားတွင်း" ဟု အဓိပ္ပါယ်ရပါသည်။ နယ်စပ်မြို့နှစ်မြို့၏ နာမည်များသည် ရှေးလက်ဖက်ခြောက်နှင့် ဆားတို့ကို အမှတ်ရနေ စေပါသည်။ အေဒီ ၁၄ ရာစုတွင် တရုတ်လှည်းတန်းများသည် ပူးအာ လက်ဖက်ခြောက်နှင့် သံထည်များကို မိုဟန်မှ အရှေ့တောင်အာရှသို့ သယ်ဆောင်လာကာ လာအိုလူတန်းစာများသည် မိုဒင်းမှ ကျောက်ဆားနှင့် စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်နိုင်ငံသို့ ယူဆောင်လာခဲ့ကြပါသည်။ ယနေ့တွင် တရုတ်-လာအို နှစ်နိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်သူများ၏ ကြွေးကြော်သံများနှင့် တရုတ်-လာအို မီးရထားလမ်းပေါ်ရှိ ဘာသာစကားမျိုးစုံ ထုတ်လွှင့်မှုများသည် ချစ်ကြည်ရင်းနှီးမှု ယဉ်ကျေးမှု ဖလှယ်ရေး ဇာတ်လမ်းကို ဆက်လက် တည်ရှိနေပါသည်။
commendatory