လွတ်လပ်သော ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ တရုတ်၏ ပထမဆုံး အရည်အသွေးမြင့် ကော်ဖီသီး ပြုပြင်ရေးစင်တာကို ယူနန်ပြည်နယ် နင်းအာခရိုင်တွင် ထုတ်ဖော်ပြသခဲ့ပါတယ်။ ယခင် ပြုပြင်ထုတ်လုပ်သည့် စက်ကိရိယာများနှင့် နှိုင်းယှဉ်ပါက၊ ဤစီမံဆောင်ရွက်ရေးဌာနသည် အထွက်အချိုးကို တိုးတက်စေခြင်း၊ ကော်ဖီအဆင့် မြှင့်တင်ခြင်း၊ စွမ်းအင်အရင်းအမြစ်များ ချွေတာခြင်းနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်းတို့တွင် သိသာထင်ရှားသော အားသာချက်များရှိလာပါတယ်။ တစ်ချိန်တည်းတွင်၊ ၎င်းသည် ကော်ဖီစေ့တစ်တန်လျှင် ယွမ် ၅၀၀ ခန့်ဖြင့် စီးပွားရေးအကျိုးအမြတ်များ တိုးမြင့်လာမည်ဟု မျှော်လင့်ရပါတယ်။
commendatory