တရုတ်နိုင်ငံက ၂၀၂၅ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုကို ၅ ရာခိုင်နှုန်းဝန်းကျင်ရှိရန် ရည်မှန်းထား
发布日期: 2025年03月05日 source:Xinhua


တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယအကြိမ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းဝန်းကျင်ရှိရန် ရည်မှန်းထားကြောင်း အမျိုးသားဥပဒေပြုအာဏာပိုင်အဖွဲ့တွင် သုံးသပ်ရန် မတ် ၅ ရက်၌ တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံစာအရ သိရသည်။
အစီရင်ခံစာ၌ စစ်တမ်းကောက်ယူထားသောမြို့ပြအလုပ်လက်မဲ့နှုန်း ၅.၅ ရာခိုင်နှုန်းဝန်းကျင်၊ မြို့ပြအလုပ်အကိုင်သစ် ၁၂ သန်းကျော်၊ စားသုံးသူဈေးနှုန်းအညွှန်းကိန်း ၂ ရာခိုင်နှုန်းခန့် တိုးတက်ရေး စသည်တို့အပါအဝင် ယခုနှစ်အတွက် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်များစွာ ဖော်ပြထားသည်။ (Xinhua)