တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိသော ယူနန်ပြည်နယ် ရွှေလီမြို့၊ သဲဟုန် တိုင် နှင့် ဂျိမ်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် ၂၄ နာရီ လာရောက်ဖတ်ရူ့နိုင်မည့် စာကြည့်တိုက်သည် နှစ်နိုင်ငံ ပြည်သူများ အတွက် စာဖတ်ရန် နေရာတစ်ခုဖြစ်လာပါတယ်။ စာကြည့်တိုက်သည် တစ်နေ့လျှင် ၂၄ နာရီဖွင့်ထားပြီး အမျိုးအစားအမျိုးမျိုးရှိသည့် စာအုပ်နှင့် ပစ္စည်းပေါင်း ၂၀၀၀ ကျော်ရှိပါတယ်။ ထို့အပြင် ရွှေလီမြို့ရှိ ဌာနပေါင်းစုံမှ စာကြည့်တိုက်များတွင်လည်း ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ ဆက်တိုက်ကျင်းပကာ တရုတ်-မြန်မာ စာဖတ်ဖလှယ်ရေး၊ မြန်မာဘာသာစကား စာသင်ခန်းများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုဘဝ မြှင့်တင်ရေး၊ မြန်မာ ဆွေမျိုးပေါက်ဖော် ယဉ်ကျေးမှု စာသင်ခန်း စသည်တို့ နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေး အတွက် ပလက်ဖောင်း တစ်ခု တည်ဆောက် လျက်ရှိပါတယ်။
commendatory