အောက်တိုဘာလမှစ၍ ယူနန်ပြည်နယ်ရှိ ပန်းကုမ္ပဏီများသည် တရုတ်နှစ်သစ်ကူးပန်းများကို ပြင်ဆင်ပြီး တင်ပို့ရောင်းချကြပြီဖြစ်ပါတယ်။ ပန်းကုမ္ပဏီများသည် အိုးရှင်းပန်းပင်ပေါင်း ၁.၆ သန်းကျော်နှင့် Phalaenopsis၊ Cymbidium နှင့် ကျုးလစ်ပန်းများ အပါအဝင် လတ်ဆတ်သောဖြတ်ပန်းပွင့်ပေါင်း သန်း ၂၀ နီးပါးကို အရောင်းရဆုံးရာသီအတွက် ပြင်ဆင်ထားပါတယ်။ အဆိုပါပန်းများကို ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချရုံသာမက ပြည်ပနိုင်ငံအများအပြားသို့လည်း တင်ပို့ရောင်းချလျက်ရှိပါတယ်။ နွေဦးပွဲတော်အတွင်း တရုတ်နှစ်သစ်ကူးပန်းများ အများအပြား စျေးကွက်တွင် ပေါက်ရောက်မည်ဟု မျှော်လင့်ရပါတယ်။
commendatory