ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးအနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသော မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်၊ သားသမီးများအတွက် ကြိမ်ဖန်များစွာ ဝင်ထွက်သွားလာနိုင်သော အများဆုံး ဗီဇာသက်တမ်း ၅ နှစ် ၊ အများဆုံး နေထိုင်ခွင့်ကာလ ၁၈၀ ရက် ရှိသည့် သက်ဆိုင်ရာ တရုတ်နိုင်ငံသို့ သွားရောက်ခွင့် ဗီဇာအမျိုးအစားများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ စ၍ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာဗီဇာလျှောက်ထားရန် ဖုန်းနံပါတ် ၀၀၉၅-၉၈၉၄၈၅၃၁၈၈ ကို ရုံးတက်ရက် နေ့လယ်၂ နာရီမှ ၆ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်သလို အီးမေးလ်လိပ်စာ yangon@csm.mfa.gov.cn ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ဝီချက်စာမျက်နှာ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
commendatory