သတ္တမမြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲနည်းပညာစက်ပစ္စည်းများပြခန်းဧရိယာအား၂၀၂၄ခုနှစ်နိုဝင်ဘာ၉ရက်ကတွေ့ရစဉ်(ဆင်ဟွာ)
ပဲရစ်/ရှန်ဟိုင်း၊နိုဝင်ဘာ၁၀ရက်(ဆင်ဟွာ)
“ကျွန်တော်တို့တစ်ခါတလေမီဒီယာတွေမှာတွေ့ရတာကတရုတ်စီးပွားရေးနဲ့ပတ်သက်တဲ့မကောင်းစကားတွေပေါ့။ဒါပေမဲ့တကယ်ဒီကိုရောက်လာတော့၊ကျွန်တော်တို့မြင်တွေ့ရတာတွေအားလုံးကစဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲမှုတွေ၊အသစ်အသစ်တွေ၊ဒါကကျွန်တော်တို့ကိုတရုတ်စီးပွားရေးအပေါ်အပြည့်အဝယုံကြည်မှုရှိစေတယ်”
CIIEခရီးစဉ်တိုင်းကပြင်သစ်လတ်ဆတ်သောသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်အသင်းဥက္ကဋ္ဌDanielSauvaitre၏တရုတ်နိုင်ငံအပေါ်ခံစားချက်ကိုပို၍စစ်မှန်မှု၊ပို၍ပုံပေါ်မှု၊ပို၍ပြည့်စုံမှုရှိစေခဲ့ခြင်းဖြစ်သည်။
၂၀၂၄ခုနှစ်သည်တရုတ်-ပြင်သစ်သံတမန်ဆက်ဆံရေးထူထောင်သည့်နှစ်၆၀ပြည့်နှစ်ဖြစ်ပြီးပြင်သစ်နိုင်ငံသည်သတ္တမမြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)၏အဓိကဧည့်သည်တော်နိုင်ငံများအနက်တစ်နိုင်ငံဖြစ်ပေသည်။ယခုအကြိမ်CIIEတွင်ပြင်သစ်နိုင်ငံ၏သစ်သီးဝလံပို့ကုန်အကြီးစားလုပ်ငန်း၄ခုကတရုတ်စားသုံးသူများအတွက်အသေအချာရွေးချယ်ထားသည့်ရာသီပေါ်လတ်ဆတ်သည့်ပန်းသီး၇မျိုး၊ကီလိုဂရမ်စုစုပေါင်း၁,၀၀၀ကျော်ကိုယူဆောင်လာခဲ့သည်။ယခုနှစ်ပထမနှစ်ဝက်တွင်တရုတ်နိုင်ငံကပြင်သစ်နိုင်ငံကိုကီဝီဘယ်ရီ(kiwiberry)ဈေးကွက်တံခါးဖွင့်ပေးခဲ့ရာယင်းသစ်သီးဝလံအမျိုးအစားကိုလည်းယခုအကြိမ်ပြပွဲတွင်အမျိုးအစားသစ်အနေဖြင့်ခင်းကျင်းပြသခဲ့သည်။
Sauvaitreကတရုတ်မှာဆန်းသစ်တီထွင်မှုကိုကြိုဆိုလက်ခံပြီးလျင်မြန်စွာပြောင်းလဲနေသည့်ဈေးကွက်ရှိပြီးဒစ်ဂျစ်တယ်နည်းပညာနှင့်E-commerceကဏ္ဍကကမ္ဘာ့ဦးဆောင်နေရာတွင်ရှိရာပြင်သစ်သစ်သီးဝလံပို့ကုန်လုပ်ငန်းနှင့်တရုတ်မိတ်ဖက်လုပ်ငန်းများသည်ကျယ်ပြန့်သည့်ပူးပေါင်းဆောင်ရွက်မှုအလားအလာရှိကြောင်း၊“ကျွန်တော်ကတော့CIIEပလက်ဖောင်းကတစ်ဆင့်စားသုံးသူတွေကိုတရုတ်ဈေးကွက်အတွက်သီးသန့်ရွေးချယ်ထားတဲ့သစ်သီးဝလံအမျိုးအစားတွေကိုမိတ်ဆက်နိုင်မယ်လို့မျှော်လင့်တယ်”ဟုဆိုသည်။
Sauvaitreအနေဖြင့်ကြည့်လျှင်ဥရောပ-တရုတ်ကုန်သွယ်ရေးအသွားအလာသည်လွန်စွာအရေးကြီးပေသည်။“ကုန်သွယ်ရေးကငြိမ်းချမ်းရေးကိုဆောင်ကြဉ်းတဲ့အရာ၊ယဉ်ကျေးမှုဖလှယ်ရေးတွေကိုဆောင်ကြဉ်းပြီးနိုင်ငံအသီးသီးပြည်သူတွေအပြန်အလှန်နားလည်မှုကိုမြှင့်တင်နိုင်တယ်”ဟု၎င်းကပြောကြားခဲ့သည်။
သတ္တမမြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို“မပျက်မကွက်တက်ရောက်သူ”LesaffreGreaterChina၏ဥက္ကဋ္ဌဖြစ်သူJérômeVanachterကလည်းတရုတ်ဈေးကွက်အလားအလာကိုအကောင်းမြင်သည်။တဆေးထုတ်လုပ်သည့်ဤလုပ်ငန်းအဖွဲ့ကတရုတ်ဈေးကွက်တွင်ထဲထဲဝင်ဝင်ပါဝင်ခဲ့သည်မှာနှစ်ပေါင်း၄၀ကျော်ရှိပြီဖြစ်ရာအန်းဟွေး၊ကွမ်ရှီးနှင့်အတွင်းမွန်ဂိုးလီးယားတို့၌စက်ရုံတည်ဆောက်ထားသလိုပေကျင်း၊ရှန်ဟိုင်း၊ကွမ်ကျိုးစသည့်နေရာများတွင်လည်းမုန့်ဖုတ်R&Dစင်တာများထားရှိပြီးတရုတ်စားသုံးသူများ၏လိုအပ်ချက်နှင့်အညီသီးခြားထုတ်ကုန်များသီးသန့်ပြုလုပ်လျက်ရှိပေသည်။
ယခုအကြိမ်CIIEတွင်Lesaffreနှင့်တရုတ်မုန့်ဖုတ်စားသောက်ကုန်လုပ်ငန်းများသည်မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်လက်မှတ်ရေးထိုးပွဲ၁၂ခုပြုလုပ်ခဲ့ပြီးရာရလဒ်များစွာရရှိခဲ့သည်။
Vanachterကတရုတ်စားသုံးသူများ၏ဆန်းသစ်တီထွင်မှုအပေါ်လိုလားမှုက၎င်းအတွက်အမှတ်ရစေကြောင်း၊“တရုတ်ပြည်မှာစားသုံးသူတွေကအသစ်အသစ်တွေကိုနှစ်သက်ကြတယ်။အရသာအသစ်၊ပုံစံအသစ်ပေါင်မုန့်ဆိုစားချင်ကြတယ်။ဒီမှာကစားသုံးသူတွေရဲ့လိုအပ်ချက်နဲ့ဈေးကွက်တိုးတက်မှုအနေအထားကိုနားလည်ရမယ်၊အချိန်မရွေးအသင့်ပြင်ထားရတယ်”ဟုပြောကြားခဲ့သည်။
ဖော်ပြထိုက်သည့်အရာတစ်ခုမှာCIIEပြပွဲတွင်Lesaffreနှစ်စဉ်ပါဝင်ပြသသည့်အခါမှာတရုတ်နှင့်ပြင်သစ်၏ထူးခြားမှုအစိတ်အပိုင်းတွေပါသောအထူးစီမံထားသည့်ပေါင်မုန့်ကိုယူလာလေ့ရှိပေသည်။ယခုနှစ်အထူးစီမံထုတ်လုပ်ထားသည့်ပါမုန့်မှာ“ဂီတ”ခေါင်းစဉ်နှင့်ဖြစ်ပြီးတရုတ်-ပြင်သစ်ချစ်ကြည်ရေးတေးသံကိုအတူရေးဆွဲကြမည်ဟူသောအနက်အဓိပ္ပါယ်ဖြင့်“တရုတ်ဗျပ်စောင်း”၊“တရုတ်ဗုံကြီး”နှင့်“ပြင်သစ်ခရာ”ဟူ၍ပုံစံများထုတ်လုပ်ထားသည်။
“ပြင်သစ်လယ်ယာမြေမှတရုတ်စားသောက်စားပွဲသို့”ယန္တရားသည်တရုတ်-ပြင်သစ်ပူးပေါင်းဆောင်ရွက်မှု၏ရွှေရောင်ဆိုင်းဘုတ်ဖြစ်နေပြီဖြစ်သည်။ပြင်သစ်ဝက်သားထုတ်လုပ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌAnneRichardကCIIEသည်ကမ္ဘာမှာအလားအလာရှိသည့်ဈေးဝယ်သူများနှင့်တစ်ခါတည်းတွေ့ဆုံနိုင်မည့်“အကောင်းဆုံးအခွင့်အလမ်း”ဖြစ်ကြောင်း၊ပြင်သစ်နှင့်တရုတ်နိုင်ငံသည်ဝက်သားစားသုံးသည့်နိုင်ငံကြီးဖြစ်ရာအနာဂတ်ပူးပေါင်းဆောင်ရွက်မှုအလားအလာအတိုင်းအဆမရှိကြီးမားကြောင်းပြောကြားခဲ့သည်။
CIIEတွင်၅ကြိမ်မြောက်ပါဝင်ပြသသည့်AndrosFranceGroupChinaအထွေအထွေမန်နေဂျာကျန်းကျိခွန်းကတရုတ်နိုင်ငံသည်ဈေးကွက်နှင့်ရင်းနှီးမြှုပ်နှံမှုစသည့်ကဏ္ဍများတွင်အားသာချက်ရှိရာကုမ္ပဏီလုပ်ငန်းအဖွဲ့အနေဖြင့်ပြင်သစ်-တရုတ်နှစ်နိုင်ငံလယ်ယာစားသောက်ကုန်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကိုတစ်ဆင့်တိုးတွန်းအားပေးဆောင်ရွက်ရန်မျှော်လင့်ကြောင်းပြောကြားခဲ့သည်။
Androsကုမ္ပဏီအဖွဲ့အနေဖြင့်ယခုအကြိမ်ပြပွဲတွင်သီးစုံယို၊သကြားလုံး၊အားကစားအစားအစာစသည့်ထုတ်ကုန်ပစ္စည်းများပါဝင်ပြသထားရာ၎င်းတို့အနက်အချို့ထုတ်ကုန်ပစ္စည်းများမှာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်များကိုပြသထားကြောင်းသိရသည်။
“ဒီနှစ်ကစပြီးကျွန်တော်တို့ကလော်လီပေါ့ပလပ်စတစ်တုတ်ချောင်းလေးတွေအားလုံးကိုပြန်ပြီးအသုံးပြုလို့ရတဲ့သစ်သားချောင်းလေးတွေအဖြစ်ပြောင်းလဲသွားမယ်။တရုတ်မှာရှိတဲ့Androsစက်ရုံကလည်းဒီစီးရီးထုတ်ကုန်ပစ္စည်းလေးတွေရဲ့အပြင်ထုပ်ပိုးမှုကိုပြန်လည်အသုံးပြုလို့ရတဲ့စက္ကူတွေနဲ့ထုပ်ပိုးသွားမယ်။ထုပ်ပိုးကုန်ကြမ်းတွေက၁၀၀ရာခိုင်နှုန်းပြန်လည်အသုံးပြုလို့ရအောင်ဖော်ဆောင်သွားမယ်”ဟုကျန်းကျိခွန်းကဆိုသည်။
ကျန်းကျိခွန်းကတရုတ်ဈေးကွက်သည်အလားအလာကြီးမားမှု၊ထုတ်ကုန်လုပ်ငန်းကွင်းဆက်ပြည့်စုံမှုရှိသလိုအရည်အသွေးမြင့်လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူနှင့်ထုတ်လုပ်မှုလုပ်ငန်းလုပ်သားများရှိကြောင်း၊ယင်းတို့မှာAndrosကတရုတ်နိုင်ငံနှင့်နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ရန်ရွေးချယ်သည့်အဓိကအကြောင်းရင်းများဖြစ်ကြောင်း၊“Androsကတရုတ်နိုင်ငံမှာလယ်ယာထုတ်ကုန်ကုန်ချောထုတ်လုပ်တဲ့လုပ်ငန်းကွင်းဆက်အပြည့်အဝရှိရာကုန်ကြမ်းသစ်သီးဝလံစိုက်ပျိုးတာကစပြီးရောင်းချတဲ့အထိကွင်းဆက်တိုင်းကိုလွှမ်းခြုံနိုင်တယ်”ဟုပြောကြားခဲ့သည်။(Xinhua)
commendatory