သတ္တမမြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)-အချိန်နှင့်အမျှပိုမိုကောင်းမွန်လာ၊CIIEကျင်းပလာသည်မှာခုနစ်နှစ်ပြည့်ပြီဖြစ်
2024-11-07 source:Xinhua


သတ္တမအကြိမ်မြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)ကျင်းပရာနေရာဖြစ်သည့်ရှန်ဟိုင်းမြို့ရှိအမျိုးသားပြပွဲနှင့်ကွန်ဗင်းရှင်းစင်တာအပြင်ဘက်မြင်ကွင်းကိုနိုဝင်ဘာ၄ရက်ကတွေ့ရစဉ်(ဆင်ဟွာ)


ရှန်ဟိုင်း၊နိုဝင်ဘာ၆ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE)ကျင်းပလာသည်မှာခုနစ်နှစ်ထဲရောက်ရှိလာပြီဖြစ်သည်။

ကမ္ဘာ့စီးပွားရေး“အေးစက်မှု”အောက်တွင်ဤပြပွဲ၏စိတ်အားထက်သန်မှုကလျော့နည်းသွားခြင်းမရှိပေ။နိုင်ငံနှင့်ဒေသပေါင်း၁၂၉ခုမှကုန်သည်လုပ်ငန်းပေါင်း၃,၄၉၆ခုသည်တောတောင်ပင်လယ်များဖြတ်ကျော်လာရောက်ကာဥရောပ-အမေရိကန်ခေတ်မီနည်းပညာထုတ်ကုန်များမှအာဖရိကလယ်ယာထွက်ကုန်များအထိထုတ်ကုန်အသစ်၊နည်းပညာအသစ်နှင့်ဝန်ဆောင်မှုအသစ်ပေါင်း၄၀၀ကျော်ကိုတရုတ်နိုင်ငံစျေးကွက်ကြီးတွင်ဝေဝေဆာဆာအပြိုင်အဆိုင်ခင်းကျင်းပြသခဲ့ကြသည်။

ကမ္ဘာတွင်တင်သွင်းခြင်းဟူသောခေါင်းစဉ်ဖြင့်ပထမဆုံးကျင်းပသည့်နိုင်ငံအဆင့်ပြပွဲကြီးအနေဖြင့်CIIEသည်၂၀၁၈ခုနှစ်စတင်ဖွင့်လှစ်ချိန်မှစ၍တရုတ်နိုင်ငံ၏ကမ္ဘာတစ်ဝန်းအပေါ်ထားရှိသောကတိကဝတ်များဖြစ်သည့်“တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကိုနှစ်စဉ်ကျင်းပသွားမည်သာမကအဆင့်မြင့်မြင့်၊ထိရောက်အောင်မြင်မှုရှိရှိ၊ပိုမိုကောင်းမွန်သည်ထက်ကောင်းမွန်အောင်ကျင်းပသွားမည်”၊ပေါများကြွယ်ဝသောစီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုရလဒ်များဖြင့်ချည့်နဲ့နေသည့်ကမ္ဘာ့စီးပွားရေးအတွက်အနွေးဓာတ်များဆက်တိုက်ဖြည့်တင်းပေးသွားမည်ဟူသောကတိကဝတ်များကိုအစဉ်အမြဲဖော်ဆောင်လျက်ရှိသည်။

လွန်ခဲ့သည့်၆နှစ်အတွင်းနှစ်စဉ်နှစ်တိုင်းနိုင်ငံနှင့်ဒေသပေါင်း၁၀၀ကျော်မှကုန်သည်များပါဝင်ပြသရန်လာရောက်စုစည်းခဲ့ကြရာစုစုပေါင်းပြည်ပကုမ္ပဏီပေါင်းသောင်းနှင့်ချီပါဝင်ပြသခဲ့ကြသလိုအလားအလာရှိသည့်အရောင်းအ၀ယ်ပမာဏမှာအမေရိကန်ဒေါ်လာ၄၂၀ဘီလီယံကျော်ရှိခဲ့ကြောင်း၊သတ္တမအကြိမ်မြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင်ပါဝင်ပြသသည့်နိုင်ငံ(ဒေသ)များနှင့်ကုမ္ပဏီလုပ်ငန်းအရေအတွက်အားလုံးမှာယခင်အကြိမ်ထက်ပို၍များပြားကြောင်းသိရသည်။
အဆိုပါနိုင်ငံတကာကုမ္ပဏီများနှင့်အဖွဲ့အစည်းများသည်ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ကြပြီးတရုတ်နိုင်ငံ၏စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကိုမျက်မြင်သက်သေပြုခဲ့ကြကြောင်း၊၎င်းတို့သည်တရုတ်နိုင်ငံကိုပို့ကုန်နေရာအဖြစ်သာမကအရေးကြီးသောရင်းနှီးမြှုပ်နှံမှုနေရာ၊လုပ်ငန်းစတင်တည်ထောင်ရာနေရာအဖြစ်လည်းသတ်မှတ်ပြီးတရုတ်နိုင်ငံဈေးကွက်ကိုအကောင်းမြင်ကြောင်းနှင့်ဆက်လက်၍နက်နက်ရှိုင်းရှိုင်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလက်တွေ့ပြသခဲ့သည်။

ပါဝင်ပြသခဲ့သည့်ကုန်သည်လုပ်ငန်းရှင်၃,၀၀၀ကျော်အနက်ကုမ္ပဏီလုပ်ငန်းနှင့်အဖွဲ့အစည်း၁၈၆ခုသည်၇ကြိမ်ဆက်တိုက်“မပြတ်မလပ်ပါဝင်တက်ရောက်ခဲ့သူများ”ဖြစ်သည်။

“CIIEကအဖိုးတန်တဲ့ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေကိုယူဆောင်လာပြီးပြပွဲတိုင်းမှာတရုတ်စျေးကွက်ရဲ့တက်ကြွမှုနဲ့အလားအလာတွေကိုခံစားရနိုင်တယ်”ဟု၇နှစ်ဆက်တိုက်ပြပွဲတက်ရောက်ခဲ့သည့်ZeissGreaterChina၏ဥက္ကဋ္ဌနှင့်CEOဖြစ်သူFosterကပြောကြားခဲ့သည်။အနာဂတ်တွင်တရုတ်နိုင်ငံရှိရင်းနှီးမြှုပ်နှံမှုများကိုတစ်ဆင့်ထပ်၍တိုးချဲ့သွားမည်ဖြစ်သလိုတရုတ်နိုင်ငံပြည်တွင်းရှိနည်းပညာကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။
မိတ်ဟောင်းဆွေဟောင်းများနှင့်မကြာခဏတွေ့ဆုံကြသလိုလူသစ်များသည်လည်းပို၍များပြားလို့လာခဲ့သည်။ယခုနှစ်တွင်နိုင်ငံနှင့်ဒေသပေါင်း၅၀ကျော်မှနိုင်ငံရပ်ခြားစီးပွားရေးအသင်းအဖွဲ့၇၀ကျော်ကအသေးစားနှင့်အလတ်စားကုမ္ပဏီလုပ်ငန်းပေါင်း၁,၅၀၀ကျော်ကိုခေါ်ဆောင်၍အဖွဲ့လိုက်CIIEသို့ပါဝင်တက်ရောက်ခဲ့ပြီး၎င်းအနက်အသစ်ပါဝင်လာကြသောအဖွဲ့များမှာလည်းမနည်းကြပေ။

ဇီဝသိပ္ပံယှဉ်ပြိုင်မှုလမ်းကြောင်းအပေါ်အာရုံစိုက်ကြည့်မည်ဆိုလျှင်ပြပွဲတွင်ပထမဆုံးအကြိမ်ပါဝင်ခဲ့သည့်AsierisMeditech(HongKong)သည်သားအိမ်ခေါင်းကင်ဆာရောဂါမဖြစ်မီခွဲစိတ်စရာမလိုသောအလင်းကုထုံးနှင့်ဆေးဝါးပေါင်းစပ်သည့်ထုတ်ကုန်ပစ္စည်း(Photodynamictherapydrug-devicecombinationproduct)ကိုပြသခဲ့သည်။
“CIIEကကမ္ဘာလုံးဆိုင်ရာဆန်းသစ်တီထွင်မှုထုတ်ကုန်တွေနဲ့နည်းပညာတွေကိုပြသတဲ့ပြတင်းပေါက်တစ်ခုဖြစ်တယ်။လက်ရှိအခွင့်အလမ်းတွေကိုအသုံးပြုကာဆေးကုသမှုမှာလိုအပ်တဲ့ထုတ်ကုန်ပစ္စည်းတွေကိုအရှိန်မြှင့်ဖြည့်ဆည်းပေးပြီးတရုတ်နိုင်ငံကိုရောက်ရှိဖို့၊လူနာတွေကိုအမြန်ဆုံးအကျိုးရှိစေဖို့အတွက်တွန်းအားပေးဆောင်ရွက်နိုင်မယ်လို့မျှော်လင့်ပါတယ်”ဟုAsiaHongKong၏စတင်တည်ထောင်သူ၊ဥက္ကဋ္ဌနှင့်CEOဖြစ်သူဖန်ခဲကပြောကြားခဲ့သည်။

ပြပွဲတွင်ပါဝင်ပြသခဲ့သည့်ကုန်သည်လုပ်ငန်းပေါင်း၃,၀၀၀ကျော်အနက်ကုမ္ပဏီလုပ်ငန်းအများအပြားသည်ကမ္ဘာတစ်ဝန်းရှိထုတ်ကုန်အသစ်များ၊နောက်ဆုံးပေါ်ခေတ်မီနည်းပညာများ၊ဝန်ဆောင်မှုဆန်းသစ်တီထွင်မှုများယူဆောင်လာခဲ့ကြသည်။

တံခါးဖွင့်ခြင်းဖြင့်ဆန်းသစ်တီထွင်မှုကိုမြှင့်တင်ခဲ့သည်။ယခင်ကျင်းပခဲ့သောCIIEပြပွဲ၆ကြိမ်တွင်ကိုယ်စားပြုအဖြစ်သတ်မှတ်နိုင်သောပထမဆုံးအကြိမ်စတင်မိတ်ဆက်ခဲ့သည့်ထုတ်ကုန်အသစ်များ၊နည်းပညာသစ်များနှင့်ဝန်ဆောင်မှုအသစ်များစုစုပေါင်း၂,၅၀၀ခန့်ကိုပြသခဲ့ပြီးကမ္ဘာလုံးဆိုင်ရာလုပ်ငန်းများအတွက်ဆန်းသစ်တီထွင်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းတစ်ခုတည်ဆောက်ကာအရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုဖြင့်ခြေလှမ်းများရှေ့သို့တက်လှမ်းနိုင်ရန်တရုတ်နိုင်ငံကိုအားဖြည့်ကူညီပေးခဲ့သည်။

ဒစ်ဂျစ်တယ်စီးပွားရေး၊အစိမ်းရောင်ကာဗွန်လျော့နည်းရေး၊ဇီဝသိပ္ပံ၊ထုတ်လုပ်ရေးနည်းပညာစသည့်ယှဉ်ပြိုင်မှုလမ်းကြောင်း၄ခုကတီထွင်ဆန်းသစ်မှုအစပျိုးရာသီးသန့်ပြခန်းအဖြစ်အဆင့်မြှင့်ဖန်တီးခြင်း၊ကုန်ကြမ်းအသစ်များအတွက်သီးသန့်ပြခန်းပထမဆုံးထားရှိခြင်း၊မော်တော်ကားပြခန်းတွင်အနာဂတ်သွားလာရေး၌မရေမတွက်နိုင်သောဖြစ်နိုင်ခြေများကိုပြသခြင်းစသည်တို့သည်သတ္တမအကြိမ်မြောက်CIIEကကုန်ထုတ်စွမ်းအားသစ်ဖွံ့ဖြိုးတိုးတက်ရေးကိုအာရုံစိုက်၍သိပ္ပံနည်းပညာနှင့်စီးပွားရေးနက်ရှိုင်းစွာပေါင်းစည်းရေးကိုမြှင့်တင်ခဲ့သည်။

ဂျာမနီကုမ္ပဏီလုပ်ငန်းMerckသည်ယခုနှစ်ကုန်ကြမ်းသီးသန့်ပြခန်း၏ပထမဆုံးတစ်သုတ်ပြပွဲတက်ရောက်ခဲ့သည့်ကုမ္ပဏီလုပ်ငန်းများအနက်တစ်ခုဖြစ်သည်။“CIIEကခေတ်မီဆန်းသစ်တီထွင်မှုရလဒ်အဖြစ်ပြောင်းလဲခြင်းနဲ့ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအတွက်‘အားဆေး’ဖြစ်တယ်”ဟုMerckGroup၏တစ်ကမ္ဘာလုံးဆိုင်ရာအမှုဆောင်ဒုဥက္ကဋ္ဌ၊တရုတ်နိုင်ငံဆိုင်ရာMerckဥက္ကဋ္ဌဟယ်မုချီကပြောကြားခဲ့သည်။CIIEမှတစ်ဆင့်ပြည်တွင်းဆန်းသစ်တီထွင်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကိုချဲ့ထွင်၍လုပ်ငန်းအားလုံးအတွက်အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်မျှော်လင့်ကြောင်း၎င်းကပြောကြားခဲ့သည်။

CIIE၏“မိတ်ဆွေဟောင်း”ဖြစ်သောMerckSharp&Dohme(MSD)သည်ဆေးကုသရေးစက်ကိရိယာများ၊ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှုပြခန်း၏အဓိကပြသသူဖြစ်ပြီးနောက်ဆုံးပေါ်သိပ္ပံနည်းကျသုတေသနရလဒ်များကိုယူဆောင်လာကာHPVကာကွယ်ဆေးများ၊အကျိတ်ကုသရေးအတွက်ဆေးဝါးများစသည့်ဆန်းသစ်သောဆေးဝါးပေါင်းစပ်မှုများနှင့်ဆေးကုသရေးနည်းလမ်းများကိုအဓိကထားပြသခဲ့သည်။“CIIEရဲ့ပြတင်းပေါက်ကနေတစ်ဆင့်ဆေးကုသရေးနည်းပညာဆန်းသစ်တီထွင်မှုနဲ့နည်းပညာရလဒ်ပြောင်းလဲခြင်းကိုအရှိန်မြှင့်တင်ကာဖြည့်ဆည်းထားခြင်းမရှိသေးတဲ့ဆေးကုသရေးလိုအပ်ချက်အများအပြားကိုဖြေရှင်းပြီးတရုတ်နိုင်ငံနဲ့ကမ္ဘာလုံးဆိုင်ရာအများပြည်သူကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အားဖြည့်တွန်းအားပေးဖို့မျှော်လင့်ပါတယ်”ဟုMSD၏ကမ္ဘာလုံးဆိုင်ရာအကြီးတန်းဒုဥက္ကဋ္ဌ၊တရုတ်နိုင်ငံဆိုင်ရာMSDဥက္ကဋ္ဌထျန်အမ်းနာ့ကပြောကြားခဲ့သည်။

“တရုတ်နိုင်ငံဟာကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးရဲ့အစဉ်အမြဲအရေးပါတဲ့အခွင့်အလမ်း”၊“ဘယ်နိုင်ငံတစ်ခု၊ဘယ်တစ်ယောက်ကိုမျှမကျန်ရစ်စေရဘူး”ဆိုသည်ကိုCIIEကလက်တွေ့လုပ်ဆောင်မှုများဖြင့်ပူးပေါင်းဆောင်ရွက်မှုမှဘုံအကျိုးဖြစ်ထွန်း၍ကမ္ဘာကြီးအားအကျိုးပြုခဲ့သည်။

ပြပွဲတွင်ပါဝင်ပြသခဲ့သည့်ကုန်သည်လုပ်ငန်းပေါင်း၃,၀၀၀ကျော်အနက်တချို့မှာဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံများမှဖြစ်သည်။

သတ္တမအကြိမ်မြောက်CIIEတွင်ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံး၃၇နိုင်ငံကိုပါဝင်ပြသရန်ပံ့ပိုးပေးကာပြပွဲဆိုင်ခန်းနေရာ၁၂၀ကျော်ကိုအခမဲ့ပေးပြီးအာဖရိကထုတ်ကုန်ပစ္စည်းများသီးသန့်ပြခန်းကိုတိုးချဲ့လက်ခံခဲ့သည်။

ပျားရည်ထုတ်လုပ်ရောင်းချမှုလုပ်ငန်းလုပ်ဆောင်သောတန်ဇန်းနီးယားနိုင်ငံမှ“အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ”သည်ယခုနှစ်တွင်ပထမဆုံးအကြိမ်CIIE၌ပါဝင်ခဲ့ခြင်းဖြစ်သည်။သတ္တမအကြိမ်မြောက်CIIEသည်တန်ဇန်းနီးယားနိုင်ငံပျားရည်ထုတ်ကုန်လုပ်ငန်းရှင်များအတွက်အရေးပါသောအခွင့်အလမ်းဖြစ်ပြီးအလွန်ကျယ်ပြန့်ကြီးမားသောတရုတ်နိုင်ငံဈေးကွက်ကိုဝင်ရောက်နိုင်ရန်နှင့်ဈေးကွက်၌အခိုင်အမာခြေလှမ်းလှမ်းနိုင်ရန်မျှော်လင့်ကြောင်းယင်းကုမ္ပဏီမန်နေဂျာကပြောကြားခဲ့သည်။

CIIE၏“ပြည့်လျှံလာသည့်အကျိုးသက်ရောက်မှု”မှာကမ္ဘာတစ်ဝန်းတွင်သိသိသာသာပေါ်လွင်လျက်ရှိသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဂုန်လျှော်လက်မှုပစ္စည်း၊အာဖဂန်နစ္စတန်၏ကော်ဇောခင်း…စသည့်ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံများမှလာသည့်ကုန်ပစ္စည်းပိုမိုများပြားလာခဲ့ရာCIIE၏ကျယ်ပြန့်သောပလက်ဖောင်းမှတစ်ဆင့်တရုတ်နိုင်ငံဈေးကွက်သို့ဝင်ရောက်ကာကမ္ဘာ့စီးပွားရေးနှင့်ပေါင်းစည်းလာသည်။

တံခါးဖွင့်လှစ်ခြင်းသည်ကမ္ဘာကြီးသာယာဝပြောရေး၊ဖွံ့ဖြိုးတိုးတက်ရေး၏မဖြစ်မနေလျှောက်လှမ်းရမည့်လမ်းဖြစ်သလိုယခုခေတ်တရုတ်နိုင်ငံ၏သိသာထင်ရှားသောအမှတ်အသားလည်းဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု၏ပထမဆုံးမျိုးစေ့မှသည်ယနေ့အခက်အလက်များဖြင့်ဝေဆာနေသောအမြဲစိမ်းသစ်ပင်ဖြစ်သည်အထိအချိန်နှင့်အမျှပိုမိုကောင်းမွန်လာသည့်CIIEသည်“တံခါးဖွင့်လှစ်ခြင်းအကျိုးကျေးဇူးများ”ကိုဆက်တိုက်ဆောင်ကြဉ်းပေးလျက်ရှိရာတရုတ်နိုင်ငံ၏ဈေးကွက်ကြီးကိုကမ္ဘာတစ်ဝန်းမျှဝေခံစားနိုင်သည့်စျေးကွက်ကြီးဖြစ်စေခဲ့သည်။(Xinhua)