ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူး၍ ယူနန်အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် နည်းပညာဖလှယ်ရေးစင်တာမှ စီစဉ်ကျင်းပသည့် မြန်မာနယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ် ကူးသန်းရောင်းဝယ်ရေး သင်တန်းကို စက်တင်ဘာ ၂ ရက်က ကူမင်းမြို့တွင် ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာ အစိုးရမှ အရာရှိ ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဤ ၁၄ ရက်ကြာသင်တန်းသည် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများနှင့် စစ်ဆေးမှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုနယ်ပယ်တွင် တရုတ်နှင့်မြန်မာကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဖြစ်ပါတယ်။
commendatory