ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့တွင် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် ၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးဖိုရမ် (FOCAC) သို့ တက်ရောက်မည့် ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများကို စက်တင်ဘာ ၂ ရက်၌ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၀၆ ခုနှစ် ပေကျင်းထိပ်သီးအစည်းအဝေး၊ ၂၀၁၅ ခုနှစ် ဂျိုဟန်နာဘတ်စ်ထိပ်သီးအစည်းအဝေးနှင့် ၂၀၁၈ ခုနှစ် ပေကျင်းထိပ်သီးအစည်းအဝေးပြီးနောက် ယခုကျင်းပမည့် အစည်းအဝေးသည် တရုတ်နိုင်ငံနှင့် အာဖရိကတိုက်ရှိ ချစ်ကြည်ရင်းနှီးသောမိသားစုဝင်နိုင်ငံများ၏ နောက်ထပ်တွေ့ဆုံဆွေးနွေးပွဲလည်းဖြစ်သည်။ ယင်းမှာ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံက လက်ခံကျင်းပသော အကြီးဆုံးသံတမန်တွေ့ဆုံပွဲဖြစ်သလို ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များ အများဆုံးတက်ရောက်ကြခြင်းလည်းဖြစ်သည်။ (Xinhua)