ဩဂုတ်လမှ နိုဝင်ဘာလအထိ၊ ၂၀၂၄ 3×3 စူပါလိဂ်ပြိုင်ပွဲကို ယူနန်ပြည်နယ်တွင် ကျင်းပမည်ဖြစ်ပြီး ပထမဆုံးဂိမ်းပြိုင်ပွဲကို သြဂုတ် ၁ ရက်တွင် လီကျန်း ၌ စတင်မည်ဖြစ်ပါတယ်။ ဤပွဲကို FIBA ပြိုင်ပွဲစည်းမျဉ်းများနှင့် စံနှုန်းများနှင့်အညီ စီစဉ်ခြင်းဖြစ်ပြီး အာရှ၊ ဥရောပနှင့် Oceania အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကလပ်အသင်း ၂၇ သင်းကို ယူနန်တွင် ပါဝင်ရန် ဖိတ်ကြားထားပြီး စုစုပေါင်းပါဝင်သူဦးရေ ၆၀၀ ကျော်လွန်သွားပါတယ်။ အဆိုပါပွဲကို ၅ နေရာတွင် ကျင်းပမည်ဖြစ်ပြီး ဆုံးပွဲကို ဩဂုတ် ၁ ရက်တွင် လီကျန်း ရှေးဟောင်းမြို့၌ စတင်မည်ဖြစ်ပြီး၊ သာ့လီတွင် ဒုတိယပွဲကို သြဂုတ် ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ သဲဟုန်တွင် တတိယပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၅ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါတယ်။ ပထမ(exchange competition)ကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စတုတ္ထပွဲကို ချုးရှုံးတွင်၊ အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပဉ္စမပွဲ (ဖိုင်နယ်)ကို ကူမင်းတွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာလ၃အထိ ကျင်းပမည်ဖြစ်ပါတယ်။
commendatory