တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ပြင်သစ်၊ ဆားဘီးယားနှင့် ဟန်ဂေရီ နိုင်ငံတော် အလည်အပတ်ခရီးစဉ် ပြီးဆုံး၍ ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိ
2024-05-11 source:mingala news


တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ပြင်သစ်၊ ဆားဘီးယားနှင့် ဟန်ဂေရီ နိုင်ငံတော် အလည်အပတ်ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ရာ မေ ၁၁ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အဆိုပါလေယာဉ်တွင် သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေရေးရာရုံးအကြီးအကဲ ချိုက်ချီ၊ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တို့ အတူပြန်လည်လိုက်ပါလာခဲ့ကြောင်း သိရသည်။ (Xinhua)