၈ ကြိမ်မြောက် တရုတ်-မြန်မာလူငယ် အမျိုးသားယဉ်ကျေးမှုဖလှယ်ပွဲကို ကျင်းပခဲ့‌
2024-04-28 source:mingala news




၂၀၂၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ယူနန်ပြည်နယ် လုန်ချွမ်းစီရင်စု၊ သဲဟုန် စီရင်စုတွင် ၈ ကြိမ်မြောက် တရုတ်-မြန်မာလူငယ် အမျိုးသားယဉ်ကျေးမှုဖလှယ်ပွဲကို ကျင်းပခဲ့‌ ကြောင်းသိရှိရပါသည်။   လုန်ချွမ်းစီရင်စုရှိ Jingpo National Cultural Heritage Center တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဆယ်ကျော်သက် လူငယ် ၁၈၀ တို့သည် တရုတ်-မြန်မာ လူနည်းစုဘာသာစကား စာဖတ်ပြိုင်ပွဲ၊ စာစီစီကုံးပြိုင်ပွဲ၊ ပုံပြင်ပြောခြင်းပြိုင်ပွဲ၊ လက်ရေးလှရေးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ပါဝင်ခဲ့‌ ကြောင်းသိရပါသည်သည်။ တစ်ချိန်တည်းမှာပင် တရုတ်နှင့် မြန်မာ ဆယ်ကျော်သက် လူငယ် အယောက် ၃၀ ပါဝင်သော အသင်းနှစ်သင်းသည် ပြင်းထန်သော တရုတ်-မြန်မာ လူငယ် ဘောလုံး ချစ်ကြည်ရေး ပွဲစဉ်ကိုလည်း ကစားခဲ့ကြပါသည်။တရုတ်နဲ့ မြန်မာမှ ပရိသတ်များကလည်း ကွင်းထဲတွင် ကစားသမားတွေကို ကြိုဆိုခဲ့ကြပါသည်။