မကြာသေးမီက၊ ယူနန်ပြည်နယ် ချောင်ကျားကောင်တီရှိ အညိုရောင်သကြားထုတ်လုပ်သည့် စက်ရုံသည် သကြားလုံးပန်းကန်သေးသေးလေးများကို တရားဝင်စတင်လုပ်‌ဆောင်ခဲ့ပါသည်
2023-12-01 source:Mingala news


မကြာသေးမီက၊ ယူနန်ပြည်နယ် ချောင်ကျားကောင်တီရှိ အညိုရောင်သကြားထုတ်လုပ်သည့် စက်ရုံသည် သကြားလုံးပန်းကန်သေးသေးလေးများကို  တရားဝင်စတင်လုပ်‌ဆောင်ခဲ့ပါသည်။  ကြံများကို သကြားရည်ဖြစ်‌အောင်အပူပေးခြင်း၊ စိမ်ခြင်း၊ပေါင်ချိန်ခြင်းစသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ရပြီး နောက်ဆုံးတွင် သကြားညိုအဖြစ်သို့ ပြောင်းလဲသွားပါသည်။
ချောင်ကျားကောင်တီတွင် ကြံစိုက်ပျိုးခြင်းနှင့် သကြားညိုပြုလုပ်ခြင်း သမိုင်းကြောင်းရှိပြီး နှစ်ပေါင်း ၂၀၀ ကျော်ကြာ လက်လုပ်သကြားနည်းပညာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါသည်။  ယနေ့တွင် အညိုရောင်သကြားလုပ်ငန်းသည် ပူပြင်းသောဒေသများ၏ အရင်းအမြစ်အားသာချက်များကိုမှီခိုကာ  ချောင်ကျားကောင်တီတွင် ဖွံ့ဖြိုးတိုးတက်သည့် ထူးခြားသောလုပ်ငန်းတစ်ခုဖြစ်လာသည်။  ၂၀၂၃ တွင် ကြံစိုက်ဧရိယာဧက ၁၀,၀၀၀ ရှိမည်ဖြစ်ပြီးကြံအထွက်နှုန်းမှာ တန်ချိန် ၅၀၀၀၀၊ သကြားညို တန်ချိန် ၅၀၀၀ ခန့်နှင့် အထွက်တန်ဖိုး ယွမ်သန်း ၁၅၀ ရှိလာမည်ဟု ခန့်မှန်းထားပါသည်။