တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းပညာအသိုက်အဝန်းတည်ဆောက်ရန် ပထမဆုံးအကြိမ်အဖြစ် “နိုင်ငံတကာ သိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်မှုအဆိုပြုချက်” တင်ပြ
2023-12-01
source:Chinese Embassy in Myanmar
“ဆန်းသစ်တီထွင်သောလမ်းအတူတည်ဆောက်၍ ပူးပေါင်းဆောင်ရွက် ဖွံ့ဖြိုးတိုးတက်မှု အတူမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ပထမအကြိမ် “Belt and Road” သိပ္ပံနည်းပညာကူးလူးဖလှယ်မှုအစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံ ချုံချင့်မြို့၌ကျင်းပခဲ့သည်။ တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် “နိုင်ငံတကာ
သိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်မှုအဆိုပြုချက်” တင်ပြခဲ့ခဲ့သည်။ တံခါးဖွင့်၍ တရားမျှတမှန်ကန်သော ခွဲခြားဆက်ဆံမှုမရှိသော နိုင်ငံတကာ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုအယူအဆကို လက်တွေ့ဖော်ဆောင်ကာ “သိပ္ပံပညာသည် နယ်စည်းမခြားဘဲ လူသားအားလုံးကိုအကျိုးဖြစ်ထွန်းစေသည်” ကိုလက်ကိုင်စွဲကာ အတူလက်တွဲ၍ ကမ္ဘာလုံးဆိုင်ရာသိပ္ပံနည်းပညာအသိုက်အဝန်းကို တည်ဆောက်သွားမည်ဖြစ်သည်။
“နိုင်ငံတကာ သိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်မှုအဆိုပြုချက်” တွင် သိပ္ပံနည်းပညာလိုက်စားခြင်း၊ ဆန်းသစ်တီထွင်ဖွံ့ဖြိုးတိုးတက်ခြင်း၊ တံခါးဖွင်ပူးပေါင်းဆောင်ရွက်ခြင်း၊ တန်းတူညီမျှ၍အားလုံးပါဝင်ခြင်း၊ စည်းလုံးညီညွှတ် တွဲဖက်လုပ်ဆောင်ခြင်း၊ အားလုံးအကျိုးဖြစ်ထွန်း၍ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်းတို့အား ကိုင်စွဲခြင်း စသည့် ကဏ္ဍခြောက်ရပ်တွင် အသေးစိတ်အကြောင်းအရာများပါဝင်သည်။ ဥပမာအားဖြင့် ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းပညာအုပ်ချုပ်မှုပြီးပြည့်စုံခြင်းနှင့် ဉာဏပစ္စည်းမူပိုင်ခွင့် ကာကွယ်မှုအားတိုးမြှင့်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု ပူးပေါင်းခြင်းမြှင့်တင်၍ ကမ္ဘာလုံးဆိုင်ရာဆန်းသစ်တီထွင်မှုကွန်ရက် အတူတည်ဆောက်ခြင်း၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုဝန်ထမ်းများနှင့် အရင်းအမြစ်များ စသည်တို့ကို တစ်ကမ္ဘာလုံးအတိုင်းအတာအတွင်း၌ လွတ်လပ်စွာစီးဆင်းမှုအား လက်ကိုင်စွဲ၍ လူတော်လူချွန်များ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအားတိုးမြှင့်ခြင်း၊ နိုင်ငံများနှင့် သိပ္ပံသုတေသနအဖွဲ့အစည်းများ နိုင်ငံတကာသိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်မှုတွင် တန်းတူညီမျှပါဝင်ရန်အားပေးခြင်း၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုအဖွဲ့အစည်းများ နက်ရှိုင်းစွာတွဲဖက်ဆောင်ရွက်၍ အပြန်အလှန်လေ့လာသင်ယူမှုအား တိုးမြှင့်ခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းပညာဆန်းသစ်တီထွင်ပူးပေါင်းဆောင်ရွက်မှု ပုံစံအသစ် စူးစမ်းရှာဖွေကာ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုရလဒ်များအား အပြန်အလှန်အကျိုးဖြစ်ထွန်းစေပြီး မျှဝေခြင်းအား မြှင့်တင်ခြင်း စသည်တို့ဖြစ်သည်။
အကြောင်းအရာအပြည့်အစုံအား အောက်ပါ Link တွင်ဖတ်ရှုနိုင်သည်။
https://l.facebook.com/l.php?u=https%3A%2F%2Fen.most.gov.cn%2Fpressroom%2F202311%2Ft20231107_188729.htm%3Ffbclid%3DIwAR2m__rRMK_C0jZKmvNtaCRRNgzpIrFNeuDuFeGqdZfbbpGPzdteYQIguvE&h=AT259Jbfmnr-JDZFQZK4dL9kU5oqMHhV5BnsNKR-MEDP8Xy2ZvevP-SD-qJgchpHkPb3ogEvduu88qWKVdLqAg80iCBRELRldc_HFnz_PJQttVEWqgfMbWxfUTsLSQw2dqSz&__tn__=-UK-R&c[0]=AT0Qmy7wKRokyzWFq-LkoTUUQ6BXkzRDclRBrl6eJdnK07DBgbJW0U-AqB5dkyyTRwfipOdG6FIo-rXeDiFKnyip5UJVbnuciI1vNUIi3rlbQHFoVy3krakSNuK95WWPTXyH8MXacLXE0zXv9-ZNqMoQuNNanjGcDWdCPrimK5DoFT2EGtsVPHi1rCxlIn2Sdsn2HVoNphnR