တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) 44th PLA Navy Escort Task Group (ETG) စစ်ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်
2023-12-01
source:Chinese Embassy in Myanmar








တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) 44th PLA Navy Escort Task Group (ETG) စစ်ရေယာဉ်အုပ်စုသည် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ၄ ရက်ကြာ ချစ်ကြည်ရေးခရီး စတင်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်ဇော်ဝင်းနှင့်
မြန်မာနိုင်ငံအရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရှိတရုတ်ကုမ္ပဏီများနှင့် တရုတ်နွယ်ဖွားများ စုစုပေါင်း လူ ၅၀၀ ခန့် ဆိပ်ကမ်းသို့ သွားရောက်ကြိုဆိုခဲ့သည်။
ဒေသစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်တွင် “တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ” စသည့်ပိုစတာများချိတ်ဆွဲထားသော တရုတ်နိုင်ငံ ရေတပ်စစ်ရေယာဉ်များဖြစ်သည့်် ဖျက်သင်္ဘော Zi Bo၊ ဖရီးဂိတ်စစ်ရေယာဉ် Jing Zhou တို့သည် မြန်မာနိုင်ငံရေတပ် စစ်ရေယာဉ် တပင်ရွှေထီး၏ ဦးဆောင်မှုအောက်တွင် ရန်ကုန်သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ရပ်နားခဲ့သည်။ စစ်ရေယာဉ်အုပ်စုမှ စစ်သည်အရာရှိများက ဖြူလွှလွှစစ်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကုန်းပတ်ပေါ်၌ အုပ်စုခွဲရပ်ကာ တက်တက်ကြွကြွရှိနေကြသည်။ လာရောက်ကြိုဆိုသော အများပြည်သူက “တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) 44th PLA Navy Escort Task Group (ETG) စစ်ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို့လာရောက်ခြင်းအား ကြိုဆိုပါ၏” ဟူသောပိုစတာများ ကိုင်ဆောင်ထားပြီး တရုတ်-မြန်မာနှစ်နိုင်ငံအလံများဝှေ့ယမ်းကာ စစ်ရေယာဉ်များလာရောက်ခြင်းကို ကြိုဆိုခဲ့ကြသည်။
ဆိပ်ကမ်းတွင်ဆိုက်ကပ်ပြီးနောက် သံအမတ်ကြီး Mr. Chen Hai သည် Zi Bo စစ်ရေယာဉ်မှူးနှင့် နိုင်ငံရေးကော်မတီဝင်နှင့်အတူ Zi Bo သင်္ဘော ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ရေယာဉ်အုပ်စုညွန်ကြားသူနှင့် ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံ တပ်မတော် (ရေ) အရာရှိများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှဝန်ထမ်းများနှင့် လာရောက်ကြိုဆိုကြသည့် တရုတ်ကုမ္ပဏီများ၊ တရုတ်နွယ်ဖွားများက Zi Bo သင်္ဘောပေါ်သို့ တက်ရောက် လေ့လာခဲ့ကြသည်။
ယင်းသည် တရုတ်နိုင်ငံရေတပ် စစ်ရေယာဉ်အုပ်စု၏ (၆) ကြိမ်မြောက် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။ လာရောက်လည်ပတ်စဉ်အတွင်း စစ်ရေယာဉ်အုပ်စုခေါင်းဆောင်သည် မြန်မာနိုင်ငံတပ်မတော်အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံဆွေးနွေး၍ ဒေသတွင်းမူလတန်းကျောင်းမှ ဆရာဆရာမ ကျောင်းသား ကျောင်းသူများကို သွားရောက်တွေ့ဆုံမည်ဖြစ်သည်။ စစ်ရေယာဉ်အုပ်စုမှ စစ်သည်အရာရှိများကလည်း မြန်မာနိုင်ငံရေတပ် စစ်သည်အရာရှိများနှင့် ကျွမ်းကျင်မှုဆိုင်ရာ ကူးလူးဖလှယ်မှုများ၊ ယဉ်ကျေးမှုနှင့်အားကစားပြိုင်ပွဲများကျင်းပ၍ စစ်ရေးအဆောက်အအုံများအား အပြန်အလှန် လေ့လာကြည့်ရှုခြင်း စသည့်ကူးလူးဖလှယ်မှုလှုပ်ရှားမှုများလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။ စစ်ရေယာဉ်များဖြစ်သည့် Zi Bo နှင့် Jing Zhou သင်္ဘောများတွင် လာရောက်ကြည့်ရှုခွင့်ပြုပြီး ကုန်းပတ်ပေါ်တွင် ဧည့်ခံပွဲများကျင်းပသွားမည်ဖြစ်သည်။