နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လီ့ရှန်း မီးရထားအား တရားဝင်ဖွင့်လှစ်ခဲ့သည်။
2023-11-27 source:


နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လီ့ရှန်း မီးရထားအား တရားဝင်ဖွင့်လှစ်ခဲ့သည်။  ကူမင်း နှင့် လီ့ကျန်းမြို့ မှ ရှန်းဂဲရီလာ သို့ အမြန်ဆုံး ခရီးသွားချိန်မှာ ၄ နာရီ ၃၀ မိနစ် နှင့် ၁ နာရီ ၁၈ မိနစ် အသီးသီးဖြစ်သည်။ လီ့ကျန်း ၊ သီချင့် နှင့် အခြားနေရာများ၏ သဘာဝရှုခင်းများနှင့် ရိုးရာယဉ်ကျေးမှုများသည် အလွန်ထူးခြားလှပါသည်။  ရထားဖွင့်လှစ်ပြီးပါက ခရီးသွားများသည် ဤလှပသောနေရာများကို ပိုမိုအဆင်ပြေစွာ သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။  တောင်များမှထွက်ရှိသောမှို နှင့် အခြားသော စိုက်ပျိုးရေးနှင့် ဘေးထွက်ကုန်ပစ္စည်းများကို  "ရထားအမြန်လမ်း" ဖြင့် သယ်ယူပို့‌ဆောင်မည်ဖြစ်သည်။  မီးရထားဖြင့် သယ်ယူလာသော ကြေးနီသတ္တုရိုင်းနှင့် သံသတ္တုရိုင်း ပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၃၀၀၀၀၀ ခန့်အထိ ရှိလာနိုင်ပြီး ပိုမိုကြီးမားသော စျေးကွက်ကို ရရှိမည်ဟု မျှော်မှန်းထားပါသည်။