19 ကြိမ်မြောက်ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် ပုံစံဖော်ရင်ထိုးများသည် မတူညီသောနိုင်ငံနှင့် ဒေသအသီးသီးမှ လာခဲ့ကြသည့်လူအသီးသီးတို့ အတွက် စုဆောင်းရယူလိုသည့် ရတနာများဖြစ်လာခဲ့သည်။ “ပုံစံဖော်ရင်ထိုးတံဆိပ်လဲလှယ်ခြင်း” သည် လူများစွာအတွက် အာရှအားကစားပြိုင်ပွဲ၏ လူမှုရေးဖွင့်ပွဲ လှုပ်ရှားမှုဖြစ်လာပြီး နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဌ Bach မှလည်း ဟန်ကျိုးအာရှအားကစားပွဲ လာဘ်ကောင်ရုပ် "Lianlian" တံဆိပ်အတွက် ၎င်း၏ အိုလံပစ်တံဆိပ်တစ်ခုအား လဲလှယ်ခဲ့ကာ ဟန်ကျိုးအာရှအားကစားပွဲ မှ အားကစားသမားများအားလုံး ကံကောင်းကြပြီး အချင်းချင်း တံဆိပ်များ အပြန်အလှန်လဲလှယ်ရင်း ပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်။
commendatory