ကွမ်နန်ခရိုင်ရှိ ပြည်သူ့လုံခြုံရေးဋ္ဌာနဖြစ်သော နန်ရှို့ရဲစခန်းသည် မစ္စတာလုထံမှ တိရိစ္ဆာန်ငယ်လေးတစ်ကောင်သည် သူ့အိမ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ခဲ့သည်ဟု အကူအညီတောင်းခံမှု ရရှိခဲ့သည်
2023-09-27 source:Mingala news


ဝမ်ရှမ်းဒေသ၊ ကွမ်နန်ခရိုင်ရှိ ပြည်သူ့လုံခြုံရေးဋ္ဌာနဖြစ်သော နန်ရှို့ရဲစခန်းသည် မစ္စတာလုထံမှ တိရိစ္ဆာန်ငယ်လေးတစ်ကောင်သည် သူ့အိမ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ခဲ့သည်ဟု အကူအညီတောင်းခံမှု ရရှိခဲ့သည်။  ပြည်သူ့ရဲများမှာ အခင်းဖြစ်ပွားရာနေရာသို့ လျင်မြန်စွာ သွားရောက်စစ်ဆေးခဲ့ပြီး တိရိစ္ဆာန်လေးအား သေချာစစ်ဆေးပြီးနောက် ခြေထောက်တွင် ပုပ်ပွနေသော ဒဏ်ရာများ တွေ့ရှိသဖြင့် ၎င်းအား ချက်ချင်း အိမ်မွေးတိရိစ္ဆာန်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သည်။

အဆိုပါ တိရိစ္ဆာန်ငယ်လေးသည် အမှန်တကယ်တော့ နိုင်ငံတော်အဆင့်နှစ် ကာကွယ်စောင့်ရှောက်ထားသော လင်စိုင်ပျောက်ကြောင်မျိုးစိတ်ပင်ဖြစ်သည်။  အချိန်အတိုင်းအတာတစ်ခုကြာ ကုသမှုခံယူပြီးချိန်တွင် လင်စိုက်ပျောက်လေးသည် ပြန်လည်သက်သာလာပြီး သဘာဝတောထဲသို့ပြန်လွှတ်ပေးခဲ့သည်။

ကျွန်ုပ်တို့အားလုံး မည်သည့် တိရိစ္ဆာန်မျိုးမဆို လေးစားကာကွယ်ရမည်။  အကယ်၍များ သင့်တွင်လည်း အလားတူဖြစ်ရပ်မျိုးရှိခဲ့ပါက commentတွင် သင့်အတွေ့အကြုံဖြစ်ရပ်ကို  ဝေမျှသွားကြဖို့ ဖိတ်ခေါ်ပါတယ်။