ကော်ဖီရနံ့ကို ထိတွေ့ခံစားပြီး ကော်ဖီပွဲနှင့်အတူ ဆောင်းဦးရက်စွဲကို ရယူလိုက်ပါ
2023-09-26 source:Mingala news


ကော်ဖီခရီးစဉ်၊ ပေါင်ရှန်းဒေသ၊ လုံယန်မြို့ရှိ ရိုမန့်တစ်ဆန်သော ဆောင်းဦးနေ့ရက်လေးများ။

လုံယန်၊ လုကျန်မြို့လေးသည် ကော်ဖီနံ့များဖြင့် သင်းပျံ့နေသော တမူထူးခြားသော မြို့ရွာလေးဖြစ်ပြီး သင့်ကို ပေါင်ရှန်းအာရေဘီကား ကော်ဖီနှင့် ရိုမန့်တစ်ဆန်သောdate လုပ်ရန် ဖိတ်ခေါ်လျှက်ရှိသည်။  ကော်ဖီတောများ၊ ကော်ဖီဘားများမှ ကော်ဖီဆိုင်များအထိ၊ ကော်ဖီဥယျာဥ်ကြီးရှိ သေးငယ်သော ကော်ဖီစေ့လေးများပင်လျှင် ဤနေရာတွင် မတူညီသော ပုံစံများအဖြစ်သို့ ပြောင်းလဲသွားသည်။  အထူးသဖြင့် တိုင်လူမျိုးတို့၏ တမူထူးခြားကြွယ်ဝသော ကော်ဖီပွဲတော်ကြီးရှိ သင်းပျံ့မွှေးကြိုင်သော ကော်ဖီရနံ့သည် တိုင်လူမျိုးများ၏ ချဉ်စပ်အရသာနှင့် တွဲဖက်ကာ ထူးခြားကောင်းမွန်လွန်းလှသည်။