ရင်သပ်ရှုမောဖွယ် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ရိုးရာ အရောင်အသွေးများက Jiangnan ၏ ကျက်သရေကို ပြသသည်
2023-09-26 source:Mingala news


(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအား ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်။  ကျန်းနန် စုန့်မင်းဆက်ကျက်သရေသည် ပန်းချီကားတစ်ချက်လို လှပကြော့ရှင်းသည်မို့ အင်တာနက်အသုံးပြုသူများက ၎င်းကို "မျက်စိပသာဒဖြစ်ဖွယ်အလှ" ဟုခေါ်ကြပြီး အချို့ကတော့ ၎င်းကို လှပလွန်းလို့ ဘယ်လို စကားလုံးများဖြင့် ချီးမွမ်းခန်းဖွင့်ရမှန်းပင် မသိတော့ဟု ဆိုကြသည်။  အဓိက highlightကတော့ ဝတ်စုံများတွင် တလက်လက် တောက်ပနေသော တရုတ်ရိုးရာအရောင်များသည် ကျန်းနန်"စုန့်မင်းဆက်ကျက်သရေ" ကို အပြည့်အဝ ထင်ဟပ်နေသည်။  ဦးဆောင်အကသမားသည် "ရွှေထျန်းပိ" ဟုခေါ်သော စိမ်းပြာရောင်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားပြီး စကတ်ကို "ထင်ထိုင်လုံကော"ဟု ခေါ်သော ပြသာဒ်နန်းဆောင်များ 3D ပုံနှိပ်စက်ဖြင့် အလှဆင်ထားသည်။

"မြူအတိဖုံးကာရေးခြယ်ကျန်းနန်" အပိုင်းကဏ္ဍတွင်၊ လှေပုံသဏ္ဌာန် စတိတ်စင်ပေါ်တွင် စာပေနှံ့စပ်သူ စာတော်ကျောင်းသားလေး၏ ဘဝကို ကွက်ကွက်ကွင်းကွင်းပြသထားသလို၊ နံ့သာရှို့ခြင်း၊ စောင်းတီးခြင်း၊ ဓားအကအလှတို့သည် တရုတ်ရိုးရာဓလေ့ထုံးတမ်းဘဝပုံစံကို ထင်ဟပ်ပြသလျှက်ရှိသည်။