ယခုနှစ်အစပိုင်းမှစတင်၍ တရုတ်-လာအို ရထားလမ်းတစ်ခုလုံး၏ ကုန်စည်ပို့ဆောင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၄၀ ရာခိုင်နှုန်းကျော် တိုးမြင့်လာခဲ့သည်
2023-09-26 source:Mingala news


စက်တင်ဘာ ၁၉ ရက်နေ့အထိ တရုတ်-လာအို မီးရထား ကုန်စည်ပို့ဆောင်မှု ဒီနှစ်တွင် စုစုပေါင်း တန်ချိန် ၁၃ ဒသမ ၄၁ သန်း ပြီးစီးခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၄၀) ရာခိုင်နှုန်း တိုးမြင့်လာကာ ယင်းတို့အနက် တန်ချိန် ၃ ဒသမ (၃၇)သန်းကျော် နယ်စပ်ဖြတ်ကျော် ကုန်စည် ပို့ဆောင်ခဲ့ပြီး၊ တစ်နှစ်ထက်တစ်နှစ် (၆၀) ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။  တရုတ်လာအိုနှင့်ထိုင်းနိုင်ငံတို့အကြား သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အအေးလမ်းကြောင်းမှ သယ်ယူပို့ဆောင်ရေးတွင် အောင်မြင်မှုအသစ်များရရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ တင်သွင်းလာသော အပူပိုင်းဒေသသစ်သီးဝလံ စုစုပေါင်းတန်ချိန်(60,000)ကျော်ကို သယ်ယူပို့ဆောင်ခဲ့သည်။