နိုင်ငံတကာ အိုလံပစ် ကျင်းပရေး ကော်မတီ ဥက္ကဌ Bach က အာရှ အားကစား ပြိုင်ပွဲ သည် စံနမူနာ တစ်ခု ဖြစ်လာ သည် ဟု ယုံကြည် သည်
2023-09-26 source:Mingala news


နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Bach သည် ဟန်ကျိုးအာရှဂိမ်းကစားပွဲသည် အနာဂတ်အာရှအားကစားပြိုင်ပွဲများအတွက် အဘက်ဘက်ကနေ စံနမူနာပြခဲ့ကြောင်း စက်တင်ဘာလ (၂၂)ရက်နေ့တွင် ပြောကြားခဲ့သည်။

“ပထမဆုံးအနေနဲ့ ဒီအားကစားပွဲဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး အာရှအားကစားပြိုင်ပွဲဖြစ်ပြီး အားကစားသမားပေါင်း 12,000 ကျော် ပါဝင်ဆင်နွှဲမှာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ဒီနှစ် အာရှအားကစားပြိုင်ပွဲမှာ ကြီးမားသော အားကစားပွဲစဥ်တွေ၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ အမှိုက်ကင်းစင်ရေးမူဝါဒတွေနဲ့ အဘက်ဘက်ကနေ စံချိန်စံညွှန်းအသစ်တွေကို စည်းစနစ်တကျ နည်းလမ်းများစွာနဲ့ လုပ်ဆောင်သွားမှာပါ” ဟု Bach က ပြောကြားခဲ့သည်။

Bach က “တရုတ်လူမျိုးတွေရဲ့ အားကစားအပေါ် စိတ်အားထက်သန်မှုက ဒီနှစ် အိုလံပစ်အားကစားပြိုင်ပွဲကနေတဆင့် အကျိုးရှိပြီး များပြားလှသော ပြိုင်ပွဲဝင် အားကစားသမားတွေလည်း ဒီမှာနေရစဥ် တိုတောင်းတဲ့ အချိန်ကာလလေးအတွင်းမှာ တရုတ်ကလက်ခံကျင်းပပြုလုပ်တဲ့ ဒီလိုခမ်းနားတဲ့ အားကစားပွဲကြီးမှာ ဝမ်းသာအားရ ပျော်ရွှင်နိုင်မှာပါ”ဟုဆိုသည်။