ဝမ်ရှန်း မာကွမ်း စက္ကူပန်းများဖြင့် ဆင်ယင်ချယ်သထားသော ပန်းခြံ
2023-06-02 source:Mingala news


      အားမာန်အပြည့်နှင့်သူရဲကောင်းဆန်သော မြင်းဖြူ၊ သန့်ရှင်းသပ်ရပ်သော လမ်းသွယ်၊ စိမ်းမြကာ မျက်စိအစာကျွေး၍ရသော သစ်ပင်စိမ်းများ၊ နူးညံ့လှပ၍ နှစ်သက်ဖွယ်ကောင်းသော စက္ကူပန်းများသည် ဝမ်ရှန်းဒေသ မာကွမ်းခရိုင်နှင့် ဝမ်ရှန်းမြို့၏ အဝေးပြေးဂိတ်၏ မလှမ်းမကမ်းတွင် တည်ရှိသည်။ အသစ်တည်ဆောက်သော အာဇာနည်မြင်းများဒီဇိုင်းနှင့် ပန်းခြံသည် အလွန်ပင် အမြင်အာရုံကို ဖမ်းစားလေသည်။

      မာကွမ်း၏ မြင်းဖြူယဉ်ကျေးမှုနှင့် နယ်စပ်ယဉ်ကျေးမှု သမိုင်းအရင်းအမြစ်များကို ပတ်ဝန်းကျင်ရှိ ပန်းခြံသစ်တောရှုခင်းနှင့် သဘာဝတောတောင်ရေမြေရှုခင်းတို့ဖြင့် ပေါင်းစပ်ကာ စက္ကူပန်းများကို အဓိကထားပြီး သစ်တောများကို စိုက်ပျိုးလျက်ရှိသည်။ ပန်းခြံအတွင်း စုစုပေါင်း စက္ကူပန်း ၁၃၅ပင်ကို စိုက်ပျိုးထားပြီး အမျိုးအစားစုံသစ်ပင် ၂၉ပင်ရှိကာ အမျိုးအစားစုံ ပန်းခင်းများမှာ စတုရန်းမီတာ ၉၀၀၀ရှိသည်။