ဟုန်ဟော် လွိချွင်းတွင် “ကလေးကိုကျောပိုးကာ” အစာရှာထွက်လာသော သင်းခွေချပ်နှင့် တွေ့ဆုံ
2023-05-30 source:Mingala news


       မကြာသေးမီက လွိချွင်းခရိုင်ရှိ ပြည်သူများသည် လက်ဖက်ခြံထဲတွင် သင်းခွေချပ်လေးက “ကလေးကိုခေါ်ကာ ခရီးထွက်လာ”သည့် ပုံရိပ်ကို ရိုက်ကူးမိခဲ့လေသည်။ သင်းခွေချပ်လေးတစ်ကောင်သည် အမေဖြစ်သူ၏ ကျောအား တင်းတင်းကြပ်ကြပ်ကပ်တွယ်၍ သင်းခွေချပ်အမေက တည်တည်ငြိမ်ငြိမ်ဖြင့် ကလေးကို ကျောပိုးကာ အရှေ့ကို ဆက်သွားသည်။ အစီရင်ခံစာများအရ သင်းခွေချပ်များ၏သဘောသဘာဝသည် သတ္တိနည်းသဖြင့် ညဘက်မှသာပုန်းလျှိုးကွယ်လျှိုး အပြင်ထွက်တတ်သည်။ ထို့ကြောင့် နေ့ဘက်တွင် တွေ့မြင်ရန် အလွန်ခဲယဉ်းသည်။ သင်းခွေချပ်အမေက ကလေးထိန်းနေသည့် ပုံသဏ္ဍာန်မှာ ပို၍ပင်ရှားပါးလှသည်။