စစ်ဆောင်ပန်းနား နန်နော့တောင်: လက်ဖက်ခရီးစဉ်နှင့်ပေါင်းစပ်ကာ ပြန်လည်ရှင်သန်ရေးကို ဖမ်းဆုပ်
2023-05-25 source:Mingala news


     ရွှေဖီမိုးလွတ်လက်ဖက်ရာသီတွင် စဉ်ဆက်မပြတ်သော လက်ဖက်ချစ်သူများသည် နန်နော့တောင်တွင် လက်ဖက်တောကိုလည်ပတ်၍ ရှုခင်းများကို ခံစားရှုစားကာ လက်ဖက်ရနံ့ကိုမြည်းစမ်းရင်း လက်ဖက်ခရီးစဉ်အချိန်အား ခံစားနေကြသည်။

       “ကမ္ဘာ့ရှေးဟောင်းလက်ဖက်ရွာ၏ ထိပ်တန်းပထမရွာ”ဟု အမည်တွင်သော နန်နော့တောင်ရွာသည် လှပသောသဘာဝရှုခင်း၊ သိပ်သည်းသော ဟားနီတိုင်းရင်းသားတို့၏ ဓလေ့ကို အမှီပြုပြီး လက်ဖက်ခရီးနှင့် ပေါင်းစပ်နိုင်မည့်အခွင့်အရေးကို ဖမ်းဆုပ်ကာ ရွာသားတို့၏ ဝင်ငွေတိုးတက်ရေးနှင့် ကျေးရွာတိုးတက်ဖွဲ့ဖြိုးရေးကို မြှင့်တင်ခဲ့သည်။ ဒေသခံ တည်းခိုခန်းပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ တည်းခိုရင်းတစ်ချိန်တည်းမှာပင် လက်ဖက်ခူးခြင်း၊ လက်ဖက်ပြုလုပ်ခြင်းကို တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် ဒေသတွင်းလက်ဖက်ယဉ်ကျေးမှုနှင့် တိုင်းရင်းသားဓလေ့ထုံးစံတို့အား နားလည်သဘောပေါက်နိုင်မည်ဖြစ်သဖြင့် ခရီးသွားဧည့်သည်များ၏ သဘောကျနှစ်ခြိုက်ခြင်းကို ခံရလေသည်။