ပေါင်ရှန်း ရှီးတျန့် အအေး ပုစွန်မုန့်လက်ဆောင်း: မုန့်နှစ်ကို ရေခဲရေထဲသို့ညစ်ချ
2023-05-24 source:Mingala news


         ပေါင်ရှန်းရှီးတျန့်တွင် ပုစွန်မုန့်လက်ဆောင်းသည် အေးမြလတ်ဆတ်ပြီး အပူကိုပြေပျောက်စေသဖြင့် သဘောကျနှစ်ခြိုက်မှုကို ခံရသည်။ ကပ်စေးနှဲ၊ ရေခဲတို့နှင့် တွဲဖက်လိုက်လျင် အရသာပိုမိုကောင်းမွန်လေသည်။ ပုစွန်မုန့်လက်ဆောင်းသည် ခေါင်းပိုင်းမှာကြီးပြီး အဖျားရှူးကာ ပုစွန်ပုံစံရှိသဖြင့် ရထားသောနာမည်ဖြစ်သည်။ ပုစွန်မုန့်လက်ဆောင်းသည် မုန့်ဖက်စစ်ဇွန်းဖြင့် မုန့်နှစ်ကို ရေခဲရေထဲသို့ညှစ်ချပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပုစွန်မုန့်လက်ဆောင်းဖတ်က မုန့်ဖတ်စစ်ဇွန်းကို ဖြတ်နေသည့်အချိန်သည် ထုံးကျောက်ဂူထဲမှ ကျောက်စက်ပန်းဆွဲနှင့်တူကာ အလွန်ပင်ထူးခြားလှသည်။ ပန်းကန်လုံးထဲမှ အေးအေးမြမြပုစွန်မုန့်လက်ဆောင်းသည် လူအများစု၏ အရသာခံဖုများအတွင်းမှ နက်ရှိုင်းလှသောချိုမြိန်သည့် မှတ်ဉာဏ်ဖြစ်သည်။