ချွီကျင့် ဟွေ့ဇယ် “တရုတ်စတာဂျင်ငါးတောင်ကြား”မှ ငါးဥဆားနယ်များ နိုင်ငံတကာစျေးကွက်တွင် ဝယ်လိုအားကောင်းနေ
2023-05-22 source:Mingala news


        ဟွေ့ဇယ်ခရိုင် ရှန့်စွင်းရွာတွင် ပေါကြွယ်ဝသော ရေချိုအရင်းအမြစ်နှင့် ကောင်းမွန်သော ဂေဟစနစ်ပတ်ဝန်းကျင်ကို အမှီပြုကာ ရှန့်စွင်းရွာ၏ ရေချိုငါးမွေးမြူရေးဧရိယာမှာ ဧက၇၀၀ကျော်လွန်သွားပြီဖြစ်သည်။ အထွက်နှုန်းမှာ ယွမ်သန်း၂၀၀ကျော်သွားပြီဖြစ်ကာ စတာဂျင်ငါးမွေးမြူပြီး ၇နှစ်တွင် ဥထုတ်ယူ၍ရပြီဖြစ်ပြီး အမှန်တကယ်ကို အမည်နှင့်လိုက်သော “တရုတ်စတာဂျင်ငါးတောင်ကြား”ပင်ဖြစ်သည်။ ရှန့်စွင်းကျေးရွာမှ ထုတ်လုပ်သော ငါးဥဆားနယ်များမှာ ကမ္ဘာ့ထိပ်တန်း ငါးဥဆားနယ်အမှတ်တံဆိတ်များကို အဓိကပေးသွင်းသူဖြစ်လာပြီး နိုင်ငံတကာစျေးကွက်တွင် ဝယ်လိုအားကောင်းလျက်ရှိသည်။