လောက၏အလှပဆုံးဖြစ်သော ဧပြီလတွင် ယူနန်ပြည်နယ် ထုံးဟိုင်ခရိုင် ရှို့ရှန်းသမိုင်းဝင် ယဉ်ကျေးမှုပန်းခြံရှိ ခြောက်လပန်းများ၏ အလှရသတို့ ပေါ်ထွက်လာပြီဖြစ်သည်။ အပင်၅၀ကျော်သော ခြောက်လပန်းများသည် ပန်းပွင့်ရာသီသို့ ရောက်ရှိလာပြီဖြစ်သည်။ နှင်းပွင့်ပမာကြည်လင်ဖြူလွှသည့်၊ ကျောက်စိမ်းပမာ စိမ်းလဲ့သည့် ခြောက်လပန်းများနှင့် ဆွဲဆောင်မှုရှိသော အဆောက်အဦးတို့သည် အပြန်အလှန် ဖြည့်စွက်ပေးလျက်ရှိသည်။ ပြောကြားချက်များအရ ခြောက်လပန်းပင်များ၏ သက်တမ်းသည် နှစ်၄၀ပတ်ဝန်းကျင်ရှိပြီး ခြောက်လပန်း စတင်ပွင့်လန်းချိန်တွင် စိမ်းဖျော့ဖျော့အရောင်ရှိကာ နောက်ဆုံးတွင် အဖြူရောင်ပြောင်းလဲသွားပြီး ပန်းပွင့်ချိန်မှာ တစ်လနီးပါးဖြစ်ကြောင်း သိရသည်။
commendatory