ယန်ကျင်း ရှင်းလုံ : ဧကသောင်းချီသော ကမ်မလီယာပန်းများ ပထမဆုံးအကြိမ်ပွင့်လန်းကာ ပြည်သူတို့၏ ပိုက်ဆံအိတ်များ ဖောင်းပွလာ
2023-03-29 source:Mingala news


လက်ရှိတွင် ယန်ကျင်းခရိုင် ရှင်းလုံရွာ၌ ဧက ၂၅၀၀၀ရှိသော ကမ်မလီယာပန်းများ အပြိုင်အဆိုင် ပွင့်လန်းလျက်ရှိသည်။ အရပ်လေးမျက်နှာမှ ခရီးသွားဧည့်သည်များသည် ပန်းချီပမာရှုခင်းသာသော “ကမ်မလီယာပင်လယ်”တွင် စုဝေးကာ ကမ်မလီယာပန်းများကို ရှုစားကြသည်။ နှစ်ပေါင်းများစွာ တိုးတက်လာပြီးနောက် ၂၀၂၂ခုနှစ်တွင် ကမ်မလီယာထုတ်လုပ်ရေးမှာ ဝင်ငွေ သန်း၈၀ကျော်ရှိခဲ့ပြီဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် ရှင်းလုံရွာသည် ပိုမိုအကျိုးရှိသော  ပန်းထုတ်လုပ်ရေးဖြင့် ချမ်းသာမည့်နည်းလမ်းကို ကြိုးစားရှာဖွေလျက်ရှိပြီး ရှင်းလုံရွာ ကင်မလီယာထုတ်လုပ်ရေးကို စိုက်ပျိုးရေးတိုးတက်မှုကို ဆွဲခေါ်နိုင်သော ထူးခြားကာအကျိုးရလာဒ်မြင့်မားသောစိုက်ပျိုးရေးနှင့် အစိမ်းရောင်ကျေးလက်ဒေသ ခရီးသွားအမှတ်တံဆိပ်ကို ဖန်တီးလျက်ရှိသည်။