တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံလက်တွဲကာ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်
2023-03-29 source:Mingala news


မတ်လ ၂၀ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အမျိုးသားရဲဌာနချုပ်တို့က လူကုန်ကူးမှုဆိုင်ရာ သုံးပွင့်ဆိုင်အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်။ မကြာသေးမီနှစ်များအတွင်း လူကုန်ကူးမှုနှင့် ဆက်သွယ်ရေးလိမ်လည်မှုများသည် နိုင်ငံအများအပြားတွင် ကွင်းဆက်လူမှုရေးပြဿနာများကို ဆက်တိုက်ဖြစ်ပေါ်စေခဲ့သည်။ ရာဇဝတ်မှုအများစုသည် အုပ်စုလိုက်ကျူးလွန်ကြခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူအုပ်စုများသည် အလုပ်သမားများကို ဆွဲဆောင်ရန် မြင့်မားသောလစာများဖြင့် လိမ်လည်ကြပြီး လူတစ်ချို့သည် မြင့်မားသောလစာများကြောင့် ထောင်ချောက်အတွင်း သက်ဆင်းကာ နိုင်ငံရပ်ခြားတွင် လိမ်လည်ခံကြရသည်။ ဤနိုင်ငံဖြတ်ကျော် ဖြိုခွင်းမှုသည် ရာဇ၀တ်မှုများကို နှိမ်နင်းရာတွင် အပြုသဘောဆောင်သော ရလာဒ်များကို ဖြစ်ပေါ်လာစေမည်ဖြစ်သည်။