ကောင်းကင်ယံတွင် ပျံ့လွင့်လာသော ခုနစ်ရောင်ခြယ်တိမ်တစ်လွှာ နှစ်ထောင်ချီ ယီတိုင်းရင်းသား ချည်ထိုးလက်ရာ၏ အံ့သြဖွယ်ကောင်းမှုကို ရှန်ဟိုင်းဖက်ရှင်ရက်သတ္တပတ်တွင် ပြသခဲ့
2023-03-29 source:Mingala news


မတ်လ ၂၅ရက်နေ့တွင် AW(ချိုးသုန်း) ၂၀၂၃ ရှန်ဟိုင်း ဖက်ရှင်ရက်သတ္တပတ်၌ နှစ်ထောင်ချီ ယီတိုင်းရင်းသား ချည်ထိုးလက်ရာ၏ အံ့သြဖွယ်ကောင်းမှုကို ပြသခဲ့သည်။ ရှန်ဟိုင်းနိုင်ငံတကာဖက်ရှင်စင်တာ ပြပွဲခန်းမတွင် နေရာလပ်မရှိအောင်လူအပြည့်ဖြစ်ခဲ့ပြီး အစုံ၄၀ကျော်သော ချူရှုံ ယီတိုင်းရင်းသား ချည်ထိုးလက်ရာ၏ အဆင့်မြင့် အဝတ်အစားတို့ကို အစဉ်လိုက် ပြသခဲ့သည်။ တိုင်းရင်းသားနှင့်ဖက်ရှင် လက်ချင်းတွဲကာ ခမ်းနားစုံလင်သော ရုပ်မြင်သံကြားပွဲအခမ်းအနားကြီးကို ဖြစ်ပေါ်စေခဲ့ပြီး ပရိတ်သတ်တို့အား ယီတိုင်းရင်းသား ချည်ထိုးလက်ရာ၏ လှပမှုကို အပြည့်အဝခံစားရစေခဲ့သည်။ ယနေ့အချိန်ထိ ချူရှုံ ယီတိုင်းရင်းသား ချည်ထိုးလုပ်ငန်းသည် ၂၀၁၂ခုနစ်တွင် ယွမ်၂၁သန်းတိုးတက်လာရာမှ ၂၀၂၂ခုနှစ်တွင် ယွမ်၂၄၅သန်းအထိ တိုးတက်လာပြီး ကျေးလက်ဒေသပြန်လည်ရှင်သန်ရေး၏ အရေးပါသော လမ်းကြောင်းဖြစ်လာပြီဖြစ်သည်။