ပေါင်ရှန်း လုံယန်: “နိုင်ငံရပ်ခြား တရုတ်သွေးချင်းများ၏အိမ်”ကိုတည်ဆောက်ကာ နိုင်ငံရပ်ခြားတရုတ်များ၏စိတ်နှလုံးနှင့် ခွန်အားကို စုစည်း
2023-03-29 source:Mingala news


ယခုနှစ်များအတွင်း ပေါင်ရှန်းမြို့ရှိ နိုင်ငံရပ်ခြား တရုတ်လူမျိုးများအဖွဲ့သည် “”နိုင်ငံရပ်ခြား တရုတ်သွေးချင်းများ၏အိမ်”တည်ဆောက်ရေးကို စတင်ခဲ့ပြီး “တရုတ်လူမျိုးများ၏စိတ်နှလုံးကို စုစည်း တရုတ်လူမျိုးများ၏ အကျိုးကိုကာကွယ်”ဟူသည့် အပြုသဘောဆောင်သော လုပ်ရပ်များကို ပြသခဲ့သည်။ ပေါင်ရှန်းမြို့ ရှင်းဟွာအဖွဲ့အစည်းတွင် တရုတ်ပြည်သို့ပြန်လာကြသော မိသားစု ၂၀၁ယောက်ရှိပြီဖြစ်သည်။ ပြည်တော်ပြန်တရုတ်လူမျိုး တိန့်ချိုးဟွာက “ကျွန်တော့်ကလေး သုံးနှစ်သားမှာ သွေးကင်ဆာရောဂါရှိနေကြောင်း သိခဲ့ရတယ် အဲဒီအချိန်တုန်းက အသက်ရှင်ရတာ ပိုခက်ခဲခဲ့တယ် နိုင်ငံရပ်ခြားတရုတ်လူမျိုးများအဖွဲ့ရဲ့ ဆေးကုသစရိတ် လုံလောက်အောင်ထောက်ပံ့မှုအောက်မှာ ကျွန်တော်တို့ကို အရမ်းနွေးထွေးတယ်လို့ ခံစားရစေတယ်” ဟု ပြောကြားခဲ့သည်။