ရှင်ဂရီလာ လောင်ရောက်တောင်၊ နှင်းတွေဖုံးနေတဲ့ တောင်နှစ်ခုမှာ တစ်ခုနဲ့တစ်ခု ရောင်ပြန်ဟပ်နေ
2023-03-28 source:Mingala news


ရှင်ဂရီလာဒေသ ရှိ ကျားခုန်‌ တောင်ကြား၏ လောင်ရောက်တောင်ရှုခင်းသာ ဧရိယာတွင် ယွိလုံနှင်း‌တောင်တန်းသည် ဘယ်ဘက်တွင်ရှိပြီး ဟားဘာနှင်းတောင်တန်း သည် ညာဘက်အရပ်တွင်တည်ရှိ‌ နေသည်။  ဤကဲ့သို့  နှင်းများဖုံးလွှမ်းနေသော တောင်တန်းနှစ်ခုလုံးကို မြင်နိုင်သည့် နေရာမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။   နှင်းတောင်များ၊ သစ်တောများနှင့် မြက်ခင်းပြင်များသည် ဤနေရာတွင် ဆွဲဆောင်မှုရှိလှသော ပုံပန်းချီကားသဖွယ်ဖြစ်နေလေသည်။   ဒေသခံများသည် ဤနေရာတွင်  ခေတ်မီအသုံးအဆောင်ပစ္စည်းများနှင့် ပြတင်းပေါက်မှတစ်ဆင့် ဆီးနှင်းဖုံးနေသည့် နှင်း တောင်တန်းများကို ရှုခင်းများနှင့်အတူ တောင်များအတွင်းတွင် ပုန်းလျှိုးကွယ်ကာ  တောင်ခါးပန်းဟိုတယ်ကို တည်ဆောက်ထားပြီး တစ်စုပြီးတစ်စုသော ခရီးသွားဧည့်သည်များကို ဆွဲဆောင်လာနိုင်ခဲ့သည်။