ဟုန်းဟော် စိမ်းလန်းစိုပြေရေးနှင့် အလင်းစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ပရောဂျက်သည် လူအများအတွက် အဆင်ပြေစေ
2023-03-28 source:Mingala news


ဟုန်ဟော် စီရင်စု၊ စီဖျင်ခရိုင် ရှိ  အလင်းစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ပရောဂျက်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဓာတ်အားထုတ်လုပ်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးလျက်ရှိပြီး လူအများအတွက် အဆင်ပြေစေပါသည်။  အဆိုပါ စီမံကိန်းသည် လယ်သမားများ၏ ဖယ်ရှားရန်မလိုအပ်‌ သောအမိုးများကို အသုံးပြု၍ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများဖြင့် အလင်းအားကို စုဆောင်းပြီးနောက် လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲကာ ခရိုင်အတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ပေးပို့သည်။  ထိုမှ တစ်ဆင့် လျှပ်စစ်ဓာတ်များကို ဝေခွဲထုတ်လုပ်ကာ ပြည်သူများအတွက် အမှန်တကယ် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်သည်။