ဟုန်ဟော် စားကောင်းသောက်ဖွယ်သိုင်းလောက——ကျန့်ရွှေအသားကင်
2023-03-27 source:Mingala news




ကျန့်ရွှေသည် မီးခိုးငွေ့များဖြင့် ပြည့်နှက်နေသည့် စားကောင်းသောက်ဖွယ်သိုင်းလောက ဖြစ်ကာ အသားကင်ဆိုင်တို့သည် မြို့တစ်ခွင် လမ်းကြီးလမ်းသွယ်များတွင် ရှိနေပြီး ဆိုင်တိုင်းတွင် ၄င်းတို့၏ ကိုယ်ပိုင်အရသာရှိသည်။ ကျန့်ရွှေတွင် အနှစ်သုံးဆယ်ကျော် အသားကင်ဆိုင်ဖွင့်လာသော ဆိုင်တစ်ဆိုင်ရှိသည်။ ဤဆိုင်သည် စားသုံးသူအများအပြားကို စုဆောင်းမိပြီးဖြစ်ကာ သူတို့၏ ဤနေရာ၏ အသားကင်ကြောင့် လာရောက်ကြခြင်းဖြစ်ပြီး လာသည့်အချိန်မှစ၍ အစာအိမ်ကို ချည်နှောင်လိုက်မိပြီးဖြစ်သည်။ မီးသွေးမီးဖြင့်ကင်ထားသော အစားအစာများမှာ မီးသွေး၏ မွှေးရနံ့တို့ စူးရှနေသည်။ လတ်လတ်ဆတ်ဆတ်ဖိုထဲမှထုတ်လာသော အသားကင်ချောင်းများနှင့်အတူ သာမာန်ညလေးသည်လည်း ထူးခြားသော ခံစားချက်များ များပြားလာသည်။