ချူရှုံ နန်ဟွာ: အီလက်ထရောနစ်ကုန်သွယ်ရေး “အဆင့်မြှင့်တင်မှုများ” သည် ကျေးလက်ပြန်လည်ရှင်သန်ရေးကို အားကောင်းစေ
2023-03-27 source:Mingala news


ချူရှုံဒေသ နန်ဟွာခရိုင်ရှိ အီလက်ထရောနစ်ကုန်သွယ်ရေး ဝန်ဆောင်မှုဌာနတွင် အီလက်ထရောနစ်ကုန်သွယ်ရေးကုမ္ပဏီများသည် သိုရင်း(tiktok)တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် အထူးလယ်ယာထွက်ကုန်များကို ရောင်းချကြသည်။ ဒေသတွင်း အီလက်ထရောနစ်ကုမ္ပဏီများသည် အွန်လိုင်းစတိုးများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုများမှတစ်ဆင့် မှို၊ မုန်လာဥခြောက်၊ ပျားရည်နှင့် သစ်ကြားသီးကဲ့သို့သော စိုက်ပျိုးရေးပစ္စည်းများကို ရောင်းချကြပြီး ၎င်းတို့၏မွေးရပ်မြေမှ စိုက်ပျိုးရေးထွက်ကုန်များကို နိုင်ငံအနှံ့ ဖြန့်ကျက်ရောင်းချကြသည်။ ၂၀၂၂ တွင် အွန်လိုင်းနှင့် အော့ဖ်လိုင်း ငွေပေးချေမှုပမာဏသည် ယွမ် ၆ သန်းကျော်ရှိခဲ့သည်။ လက်ရှိတွင် နန်ဟွာခရိုင်သည် ကျေးလက်ဒေသ ပြန်လည်ရှင်သန်လာစေရန်အတွက် ကျေးရွာပေါင်း ၁၂၈ခုတွင် ကျေးလက် အီလက်ထရောနစ်ကုန်သွယ်ရေး ဝန်ဆောင်မှုဌာနများ တည်ဆောက်လျက်ရှိသည်။