ဝမ်ရှန်း: နွေဦးပေါက်၍ အစားအသောက်များလတ်ဆတ်လာ——ကျေးလက်အငွေ့အသက်များ ပြည့်နှက်နေသော ဟော်ချောင်မုန့်ပြား
2023-03-27 source:Mingala news


ဟော်ချောင်မုန့်ပြားကို ချင်းမင်ချောင်မုန့်ပြားဟုလည်းခေါ်ပြီး ဝမ်ရှန်း မာကွမ်း ကျွမ့်တိုင်းရင်းသား ညီနောင်များ၏ နွေဦးတွင် အမျှော်လင့်ဆုံး အစားအသောက်ဖြစ်သည်။ နွေဦးနွေးထွေးလာပြီး ပန်းပွင့်သည့်အခါတွင် ဟော်ချောင်မှာ အလတ်ဆတ်အနူးညံ့ဆုံးဖြစ်ပြီး ချက်ချင်း ခူးလာသော ဟော်ချောင်များနှင့် အနည်ထိုင်ပြီးသား ပြာရည်ကို ကြည်လင်လာသည်အထိပြုတ်လိုက်လျင် ဟော်ချောင်၏ ရနံ့နှင့်အရသာကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည်။ ကျက်အောင်ပြုတ်ပြီးသော ဟော်ချောင်နှင့် ကောက်ညှင်းမှုန့်ကို ရောပြီးနောက် မုန့်ပြားသဏ္ဍာန်ရောက်အောင် ပြားရသည်။ လတ်လတ်ဆတ်ဆတ်ဖုတ်ထားသော ဟော်ချောင်မုန့်ပြားသည် မြက်ရနံ့တို့ တဖြည်းဖြည်း နှာခေါင်းထဲဝင်ရောက်လာချိန်တွင် လူတို့အား ဆာလောင်လာစေသည်။