ယုံရှန့် : ၁၅မိနစ် ကိုယ်လက်လှုပ်ရှား ပတ်ဝန်းကျင်က လူထုအား ပျော်ရွှင်သည့်ခံစားချက်ကို မြှင့်တင်ပေး
2023-03-24 source:Mingala news


ယုံရှန့်ခရိုင် သာ့ပုကိုးတောင်ကြားပန်းခြံရှိ ရှုခင်းများမှာ လူကိုဆွဲဆောင်ကာ နိုင်ငံသားများသည် အမျိုးမျိုးသော ကြံ့ခိုင်ရေးကိရိယာများဖြင့် လေ့ကျင့်ခန်းလုပ်နေကြသည်။ အနီးနားရှိ ပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် မကြာသေးမီနှစ်များအတွင်း ယုံရှန့်ခရိုင်သည် ဒေသဆိုင်ရာ အရင်းအမြစ်များကို စုစည်း အသုံးပြုခဲ့သည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ကွင်းများနှင့် ပန်းခြံ၏ စိမ်းလန်းသောနေရာများအား ပေါင်းစပ်တည်ဆောက်ထားပြီး ရင်ပြင်နှင့် ရပ်ကွက်များပေါင်းစပ်ကာ နေထိုင်သူများအတွက် “၁၅မိနစ် ကိုယ်လက်လှုပ်ရှား ပတ်ဝန်းကျင်”ကို ဖန်တီးပေးထားသည်။ ပြည်သူများက နေထိုင်ရာနေရာမှထွက်ကာ လမ်းလျှောက်၍သော်လည်းကောင်း၊ စက်ဘီးစီး၍သော်လည်းကောင်း ၁၅မိနစ်စာမကျော်သော အကွာအဝေးအတွင်း အားကစားကွင်းနှင့် ပစ္စည်းကိရိယာများရှိပြီး ကိုယ်လက်လှုပ်ရှားအားကစားကို “လက်လှမ်းမှီရာသို့”ရောက်ရှိစေသည်။